Main menu

အိန္ဒိယတွင် မိုးရွာသွန်းမှုများပြားခြင်းကြောင့် ပဲမျိုးစုံတင်သွင်းမှု အကောက်ခွန်ဖြေလျော့နိုင်

Powered by Drupal

     ယခုနှစ်မုတ်သုံရာသီတွင် မိုးရွာသွန်းမှုပြင်းထန်ခြင်းကြောင့် ပဲစိုက်ခင်းများအပေါ် သက်ရောက် သကဲ့သို့ အဓိကပဲဈေးနှုန်းများ မြင့်တက်လျက်ရှိရာ အိန္ဒိယအစိုးရအနေဖြင့် ကုလားပဲနှင့် စားတော်ပဲ တင်သွင်းမှုများအား အကောက်ခွန်ဖြေလျော့ပေးနိုင်ရေး စီစဉ်လျက်ရှိကြောင်းသိရသည်။ လက်ရှိတွင် ကုလားပဲတင်သွင်းမှုအပေါ် အကောက်ခွန် ၁၀ ရာခိုင်နှုန်းလျော့ချထားပြီး စားတော်ပဲ တင်သွင်းမှုအား ၃၀ ရာခိုင်နှုန်းအထိ လျော့ချရန် စီစဉ်လျက်ရှိသည်။ ၂၀၂၇ ခုနှစ်၊ မတ်လ ၃၁ ရက်နေ့အထိ ပဲစင်းငုံ နှင့် မတ်ပဲတင်သွင်းမှုအပေါ် အကောက်ခွန်ကင်းလွတ်ခွင့်ပေးထားကြောင်း သိရသည်။ ကုလားပဲနှင့် စားတော်ပဲများအပေါ် သွင်းကုန်အကောက်ခွန်လျှော့ချရန်အဆိုပြုမှုတွင် ပြည်တွင်း အလုံအလောက် ရရှိမှုကို မြှင့်တင်ခြင်းနှင့် ဈေးနှုန်းများပါဝင်ကြောင်း သိရသည်။ ပြီးခဲ့သည့်လတွင် ကုလားပဲ၊ ပဲတီစိမ်း၊ စားတော်ပဲနှင့် ပဲစင်းငုံဈေးနှုန်းများ ၁၀ ရာခိုင်နှုန်းကျော် မြင့်တက်ခဲ့ပြီး၊ ပွဲတော်ရာသီ ဈေးကွက် လိုအပ်ချက်မြင့်တက်မှုနှင့်ပေါင်းစပ်ပါက ပြီးခဲ့သည့်ရက်သတ္တပတ်တွင် ၃ ရာခိုင်နှုန်းမှ ၅ ရာခိုင်နှုန်းထိ မြင့်တက်ခဲ့ကြောင်းသိရသည်။ ယခုနှစ်တွင် အဓိကပြည်နယ်များ၌ မိုးရေချိန် လုံလောက်မှု မရှိခြင်း ကြောင့် ပဲမျိုးစုံစိုက်ခင်းများအပေါ် ကြီးမားသည့်သက်ရောက်မှုရှိကြောင်း Dal Mill Association မှ ဥက္ကဋ္ဌ Suresh Agarwal ကပြောကြားထားသည်။

     အိန္ဒိယ၏ အနောက်တောင်ပိုင်းမုတ်သုန်ရာသီသည် ပုံမှန်မိုးရေချိန်ရရှိမှုအောက် ၁၂ ရာခိုင်နှုန်း ကျဆင်းခြင်းဖြင့် ပြီးဆုံးခဲ့သော်လည်း စိုက်ပျိုးရေးအတွက် ပိုမိုကြီးမားသည့် စိုးရိမ်ဖွယ်ရာ အခြေအနေ မှာ လုံလောက်သည့် ထောက်ပံ့မှုမပေးနိုင်ခြင်းဖြစ်ကြောင်း၊ ကောက်ပဲသီးနှံ စိုက်ပျိုးသည့်ဒေသများ၌ အများဆုံးရင်ဆိုင်ရသည်မှာ ကာလရှည်ကြာ မိုးခေါင်မှုဒဏ်နှင့် ရေရရှိမှုနည်းပါးခြင်းတို့ဖြစ်ပြီး အချို့ ဒေသများတွင် မိုးရေချိန်ရရှိမှုအလွန်နည်းပါးကြောင်း သိရသည်။ စိုးရိမ်ဖွယ်ရာ အခြေ အနေသည် စိုက်ပျိုးမြေနေရာများမှ သီးခြားသီးနှံစိုက်ခင်းများအထိပြောင်းလဲမှု မြင့်တက်လျက်ရှိကြောင်း  သိရ သည်။ မုတ်သုံရာသီတွင် မိုးရေချိန်လုံလောက်စွာမရရှိသော်လည်း ပဲမျိုးစုံစိုက်ဧက အားလုံးအနေဖြင့် ခံနိုင်ရည်ရှိထားပြီး၊ စက်တင်ဘာလ ၄ ရက်နေ့အထိ ပဲမျိုးစုံဧက ၁၁၇.၁၃ ကျော် စိုက်ပျိုးထားပြီး အစောပိုင်းနှစ်စိုက်ဧက ၁၁၅.၃၀ ထက်ပိုမို၍ စိုက်ပျိုးထားကြောင်း၊ သို့သော် ပဲတီစိမ်းစိုက်ဧကမှာ ပြီးခဲ့သည့်နှစ်စိုက်ဧက ၃၄.၂၃ အောက်လျော့နည်းပြီး စိုက်ဧက ၃၃.၁၉ သာ စိုက်ပျိုးထားကြောင်း သိရသည်။

Source: The Economic Times News, 17 Sept 2026(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)