
ဖိလစ်ပိုင်နိုင်ငံအနေဖြင့် ၂၀၂၅ ခုနှစ်တွင် လတ်ဆတ်သောငှက်ပျောသီး တန်ချိန် ၃ သန်းခန့် တင်ပို့ခဲ့ပြီး ၂၀၂၄ ခုနှစ်တွင် တန်ချိန် ၂.၃၃ သန်းခန့်တင်ပို့ခဲ့၍ ၂၉ ရာခိုင်နှုန်း တိုးတက်လာခဲ့ကြောင်း ကမ္ဘာ့စားနပ်ရိက္ခာနှင့်စိုက်ပျိုးရေးအဖွဲ့(FAO)၏ ပြောကြားချက်အရသိရှိရပါကြောင်း၊ ၂၀၂၃ ခုနှစ်နှင့် ၂၀၂၄ ခုနှစ်တို့တွင် ကမ္ဘာ့တတိယအများဆုံး တင်ပို့သူနိုင်ငံအဖြစ်ရှိနေရာမှ ယခုကဲ့သို့ တိုးတက်လာခြင်းက ဖိလစ်ပိုင်နိုင်ငံအား ကမ္ဘာ့ဒုတိယအများဆုံး ငှက်ပျော်သီးတင်ပို့သူနိုင်ငံအဖြစ် ရောက်ရှိစေခဲ့ ကြောင်း သိရှိရသည်။
ကမ္ဘာ့စားနပ်ရိက္ခာနှင့်စိုက်ပျိုးရေးအဖွဲ့(FAO) က ထုတ်လုပ်ဖြန့်ဖြုးမှု ပြန်လည်မြှင့်တက်လာ ခြင်းသည် မှိုရောဂါတစ်မျိုးဖြစ်သည့် Fusarium Wilt Tropical Race 4 (TR4) အပါအဝင် အကြောင်း အရင်းမျိုးစုံကြောင့် သီးနှံပျက်စီးဆုံးရှုံးခဲ့ရမှုများအပြီးတွင် ဖြစ်ပေါ်လာကြောင်း ချိတ်ဆက်ဖော်ပြခဲ့ သည်။ မြေဆီလွှာမှတစ်ဆင့် ကူးစက်သည့် အဆိုပါရောဂါပိုးကို ထိန်းချုပ်ရန် အစီအမံဆောင်ရွက် ချက်များကို Cagayan Valley ဒေသငှက်ပျောစိုက်ပျိုးရေးလုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံမှုပြုလုပ်ခြင်း၊ သဘာဝမြေသြဇာနှင့် အခြားစိုက်ပျိုးရေးသွင်းအားစုများ ထောက်ပံ့ပေးခြင်းတို့ကို ယှဉ်တွဲလုပ်ဆောင် ခဲ့ကြကြောင်း သိရှိရသည်။
ကိုလံဘီယာနိုင်ငံနှင့် ဖိလစ်ပိုင်နိုင်ငံတို့မှ စုစုပေါင်းပို့ကုန်တိုးတက်လာခြင်းက ကမ္ဘာ့ ငှက်ပျောသီးထောက်ပံ့ပေးနိုင်မှုကို တန်ချိန် ၁.၁ သန်းခန့် ဖြည့်ဆည်းပေးနိုင်ခဲ့ပါကြောင်း၊ ကမ္ဘာ တစ်ဝန်း ငှက်ပျောသီးတင်ပို့မှုသည် ယခင်နှစ်ကာလတူနှင့်နှိုင်းယှဉ်ပါက ၁၀ ရာခိုင်နှုန်း မြင့်တက်ခဲ့ ပြီး တန်ချိန် ၂၁.၇ သန်းအထိ ရှိလာခဲ့ကာ တင်သွင်းမှုမှာ ၇.၅ ရာခိုင်နှုန်း မြင့်တက်ခဲ့ပြီး တန်ချိန် ၂၀.၆ သန်းခန့် ရှိခဲ့ကြောင်း သိရှိရပါသည်။
အီကွေဒေါနိုင်ငံသည် တန်ချိန် ၆.၅ သန်း (သို့မဟုတ်)ကမ္ဘာ့စုစုပေါင်း ပို့ကုန်၏ ၃၂ ရာခိုင်နှုန်း ခန့် တင်ပို့ခဲ့ပြီး ကမ္ဘာ့အကြီးဆုံးတင်ပို့သည့်နိုင်ငံအဖြစ် ရပ်တည်ခဲ့ကြောင်း၊ ဖိလစ်ပိုင်နိုင်ငံသည် ဗီယက်နမ်နိုင်ငံပြီးလျှင် တရုတ်နိုင်ငံ၏ ဒုတိယအများဆုံးငှက်ပျောသီး ထောက်ပံ့ပေးသွင်းသူနိုင်ငံ ဖြစ်ကြောင်း၊ ဗီယက်နမ်ငှက်ပျောသီး တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၄၀၇ ခန့်၊ ဖိလစ်ပိုင် ငှက်ပျောသီး တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၆၀၀ ခန့်ရှိကြောင်း သိရှိရသည်။
ဂျပန်နိုင်ငံတွင် ဗီယက်နမ်ငှက်ပျောသီးတင်သွင်းမှု ၃၈ ရာခိုင်နှုန်းခန့် တိုးတက်လာခဲ့သော် လည်း ဖိလစ်ပိုင်နိုင်ငံအနေဖြင့် ငှက်ပျောသီးတင်သွင်းမှု၏ ၇၅ မှ ၈၀ ရာခိုင်နှုန်းအထိ ထိန်းထားနိုင် ကြောင်း၊ လက်ရှိတွင် ဖိလစ်ပိုင်ငှက်ပျောသီးများသည် ရာသီအလိုက် ၈ ရာခိုင်နှုန်း (သို့မဟုတ်) ၁၈ ရာခိုင်နှုန်းထိ ဂျပန်နိုင်ငံ၏ အခွန်နှုန်းထားကို ပေးဆောင်နေရပါကြောင်း၊ ဖိလစ်ပိုင်နိုင်ငံသည် ဂျပန်-ဖိလစ်ပိုင် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုသဘောတူစာချုပ်ပါ ဆောင်ရွက်ဆဲဆွေးနွေး ညှိနှိုင်းမှုများမှတစ်ဆင့် အခွန်ကင်းလွတ်ခွင့်ရရှိရန် ကြိုးပမ်းလျက်ရှိကြောင်း သိရှိရသည်။
Source: Fresh Plaza , 28 Sep 2026(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)
