Main menu

ရာသီစာဒေသထွက် ထန်းသီးနုနု

Powered by Drupal

ထန်းသီးဆိုသည်မှာ အညိုရောင်ရှိသော ထန်းသီး၏အထဲ၌ ပါရှိသောအဆံများပဲ ဖြစ်ပါသည်။ ထန်းသီးတစ်လုံးတွင် ထန်းသီးအဆံမှာ (၃/၄)ခုလောက် ပါရှိပါသည်။ ထန်းသီးတစ်လုံး၏ လုံးပတ်လည်မှာ (၄)လက်မမှ (၇)လက်မအထိရှိပါသည်။ ထန်းသီးအဆန်၏ အခွံအရောင်မှာ အဝါရောင်သန်းနေပြီး အတွင်းထဲတွင် အဖြူရောင်အသားရှိပါသည်။

လူများသည် ထန်းသီးနုနုလေးများအား သဘာဝအတိုင်းစားသလို၊ သကြား၊ ဆားအနည်းငယ်ဖြင့်ရော၍ ဖျော်ရေအဖြစ်သောက်သုံးကြသလို ထန်းသီးကျောက်ကျော ပြုလုပ်၍လည်းကောင်း၊ မုန့်နှစ်နှင့်ရော၍ ကြော်စားကြပါသည်။ ထန်းသီးနုနုသည် အေးချိုဖန်သော အရသာရှိပြီး စားလိုက်လျှင် ဆိမ့်ဆိမ့်လေးဖြင့် အလွန်စားကောင်းစေပါသည်။ ယခုလိုနွေရာသီတွင် ထန်းသီးစားပေးခြင်းဖြင့် မိတ်ကြောင့် ယားယံခြင်း သက်သာစေပါသည်။ နေပူဒဏ်ကြောင့် ရေဓါတ်ကုန်ဆုံးမှု များတတ်သဖြင့် ထန်းသီးနုနုလေးများအား စားပေးခြင်းဖြင့် ရေဓါတ်ကို ပြန်လည်ဖြည့်တင်းပေးပါသည်။

ထန်းသီးပင်များသည် အညာဒေသတွင် ပေါများသကဲ့သို့ ပြည်မြို့နယ်အတွင်းရှိ ဘန့်ပြင်ကျေးရွာတွင် စိုက်ပျိုးကြသလို ရွှေတောင်မြို့နယ်အတွင်းရှိ ညောင်စာရေးမြို့နယ် ပန်းတင်ကျေးရွာတွင်လည်း ထန်းပင်များကို စိုက်ပျိုးကြပါသည်။ ထန်းသီးကို ထန်းပင်အမမှရရှိပြီး၊ ထန်းရည်ကို ထန်းပင်ဖိုမှ ရရှိကြောင်းသိရပါသည်။ ထန်းသီးနုနုလေးများကို ယခုအချိန်ဖြစ်သော မေလတွင် ဈေးကွက်သို့ ရောင်းချသဖြင့် လူအများဝယ်ယူစားသုံးကြပါသည်။ ထန်းသီးကို ဈေးကွက်တွင် ရောင်းချရာ အလုံးလိုက်ရောင်းသလို ထန်းသီးအိမ်မှထုတ်၍လည်း ထန်းသီးနုနုများကို ရောင်းချကြောင်းသိရပါသည်။ ဈေးကွက်တွင်ရောင်းချသည့် ထန်းသီးဈေးနှုန်းများမှာ ထန်းသီးအလုံးတစ်လုံးလျှင် (၅၀၀)ကျပ်ဖြင့် လည်းကောင်း၊ ထန်းသီးအိမ်ထဲမှ ထုတ်ထားသော ထန်းသီးအစေ့မှာ တစ်စေ့လျှင် (၁၅၀)ကျပ်ဖြင့် ရောင်းချကြောင်း သိရပါသည်။

DOCA (ပဲခူး)