Main menu

ပျော်ဘွယ်မြို့နယ်၊ မင်းလမ်း (တောင်) ကျေးရွာ၏ ပန်းပဲလုပ်ငန်း

Powered by Drupal

    စားသုံးသူရေးရာဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်ဦးစီးမှူးရုံး၊ ခရိုင်ဦးစီးမှူး၏လမ်းညွှန်မှုဖြင့် ပျော်ဘွယ်မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းနှစ်ဦးသည် (၁၈-၅-၂၀၂၃) ရက်နေ့၊ နေ့လယ် (၁၃း၀၀) နာရီချိန်တွင် ပျော်ဘွယ်မြို့နယ်၊ မင်းလမ်း (တောင်) ကျေးရွာသို့ ဓားလုပ်ငန်း (ပန်းပဲ) နှင့်ပတ်သက်၍ ကွင်းဆင်းလေ့လာဆောင်ရွက်ခဲ့ပါသည်။

  မင်းလမ်းကျေးရွာတွင် တောင်သူလုပ်ငန်းအပြင် ဓား (ပန်းပဲ) လုပ်ငန်းကိုလည်း တစ်ရွာလုံးလုပ်ကိုင်လျက်ရှိကြပါသည်။ လုပ်ငန်းကြီးလုပ်ကိုင်သူ (၇) ဦးရှိပြီး ဓားအပြင် တောင်သူသုံးပစ္စည်းများကိုလည်း လုပ်ကိုင်ကြပါသည်။ ကုန်ကြမ်းဖြစ်သောသံချောင်းများကို မန္တလေး၊ ပဲခူးနှင့် ဒေသတွင်းမှ ဝယ်ယူကြရပြီး မီးသွေး၊ ကျောက်စက်၊ ကျောက်ပြားများကိုလည်း ဝယ်ယူအသုံးပြုရပါသည်။ လုပ်ငန်းကြီးလုပ်ကိုင်သူများတွင် လုပ်သားဦးရေ (၅) ဦးခန့်ထားရှိကြပြီး လုပ်သားတစ်ဦး ရိုးရိုးဓားထုတ်လုပ်နိုင်မှု (၁) ရက်လျှင် (၅၀) ချောင်း၊ ငှက်ကြီးတောင်ဓား (၁) ပတ်လျှင် (၁၀) ချောင်း၊ စစ်ရေးပြဓား (၁) ပတ်လျှင် (၃) ချောင်း၊ ပေါက်နှင့်တူရွင်းပြား (၁) ရက်လျှင် (၁၀၀) ခုစီထုတ်လုပ်နိုင်ကြောင်း သိရှိရပါသည်။

    ရိုးရိုးဓား (တောင်သူသုံး) (၁) ချောင်းလျှင် (၆၀၀၀) ကျပ်မှ (၁၅၀၀၀) ကျပ်ထိ၊ ငှက်ကြီးတောင်ဓား (၁) ချောင်းလျှင် (၂၅၀၀၀) ကျပ်မှ (၅၀၀၀၀) ကျပ်ထိ၊ စစ်ရေးပြဓား (၁) ချောင်းလျှင် (၂၀၀၀၀၀) ကျပ်မှ (၃၀၀၀၀၀) ကျပ်ထိ၊ ဆုပေးဓား (၁) ချောင်းလျှင် (၃၀၀၀၀၀၀) ကျပ်မှ (၅၀၀၀၀၀) ကျပ်ထိပေါက်စျေးရှိကြောင်း သိရှိရပါသည်၊၊

      ရိုးရိုးဓား (တောင်သူသုံး) (၁) ချောင်းအတွက် ကုန်ကျစရိတ်မှာ  (၃၅၀၀) ကျပ်ခန့်၊ ငှက်ကြီးတောင်ဓား (၁) ချောင်းအတွက် ကုန်ကျစရိတ်မှာ  (၃၅၀၀၀) ကျပ်ခန့်၊ စစ်ရေးပြဓား (၁) ချောင်းအတွက် ကုန်ကျစရိတ်မှာ  (၁၅၀၀၀) ကျပ်ခန့်၊ ဆုပေးဓား (၁) ချောင်းအတွက် ကုန်ကျစရိတ်မှာ  (၂၅၀၀၀) ကျပ်ခန့်ကုန်ကျကြောင်း သိရှိရပါသည်၊၊

      ဓားလုပ်ငန်းကို အဆင့် (၈) ဆင့်ပြုလုပ်ရပါသည်။ (၁) သံစိပ်ခြင်း၊ (၂) အကြမ်းတင်ခြင်း၊ (၃) မီးသံစီ၊ (၄) အစိမ်းသံစီ၊ (၅) အကြမ်းတိုက်၊ (၆) အချောတိုက်၊ (၇) မီးဆေးသားဖမ်းနှင့် (၈) အရောင်တင်ခြင်းဟူ၍ အဆင့်ဆင့်ပြုလုပ်ရပါသည်။

     လုပ်ငန်းရှင်များက ပြည်တွင်းစျေးကွက်သာရှိပြီး နိုင်ငံခြားစျေးကွက်ရရှိလျှင် စျေးကွက်ပိုမိုရရှိလာမည်ဖြစ်သည့်အတွက် လုပ်ငန်းများလည်း ချဲ့ထွင်လာနိုင်မည်ဖြစ်ကြောင်း၊ လျှပ်စစ်မီးလိုအပ်ချက်အတွက် ဆိုလာစနစ်အသုံးပြု၍ လည်ပတ်နိုင်ရန်လည်း စိတ်ဝင်စားမှုရှိကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)