Main menu

တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်မှ စိန်တလုံးသရက်သီးများ

Powered by Drupal

     တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်တွင် စီးပွားဖြစ်သရက်စိုက်ဧက ၆၇ ဧကရှိရာ အများစုမှာ စိန်တလုံးသရက်များ ဖြစ်ပါသည်။ မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်မြို့နယ်၊ ဟန်မြင့်မိုရ် ကျေးရွာမှ မျိုးများဝယ်ယူပြီး အုတ်တွင်းမြို့နယ် ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး အနောက်ဘက်တွင် စိုက်ပျိုးရာ အောင်မြင်ဖြစ်ထွန်းလျက်ရှိပါသည်။

     အပင်သက်တမ်း ၅ နှစ်တွင် အသီးစတင်သီးကြောင်း၊ အသီးသီးခါစက တစ်ပင်လျှင် အလုံး ၂၀ မှ အလုံး ၃၀ အထိသီးပြီး အပင်သက်တမ်းရင့်လျှင် အလုံး ၈၀ မှ အလုံး ၁၀၀ အထိ ဖြစ်ထွန်းကြောင်း၊ အသီးအလုံးတိုင်းကို အိတ်စွပ်ပေးရကြောင်း၊ ယခုအခါတွင် သရက်သီးအားလုံးလိုလို ဆွတ်ခူးပြီးဖြစ်ရာ တစ်ဧကလျှင် အလုံး ၁၁၀၀၀ ‌ကျော်ထွက်ရှိကြောင်း သိရပါသည်။

     သရက်သီးပေါ်ခါစက စိန်တလုံးသရက်သီး အကြီးတစ်လုံးလျှင် ၁၂၀၀ ကျပ်၊ အလတ် တစ်လုံးလျှင် ၈၀၀ ကျပ်နှင့် အသေး တစ်လုံးလျှင် ၆၀၀ ကျပ် ရှိခဲ့သော်လည်း ၂၀၂၃ခုနှစ်၊ဇွန်လ(ဒုတိယပတ်)တွင် အကြီး တစ်လုံးလျှင် ၇၀၀ ကျပ်၊ အလတ် တစ်လုံးလျှင် ၅၀၀ ကျပ်နှင့် အသေး တစ်လုံးလျှင် ၃၀၀ ကျပ်ရှိကြောင်း၊ အစွပ်အိတ် တစ်အိတ်လျှင် ၆၀ ကျပ်ပေးရကြောင်း၊ ရန်ကုန်မြို့ သီရိမင်္ဂလာဈေးသို့ အဓိကတင်ပို့ရောင်းချပြီး အချို့ကို ဒေသတွင်းဖြစ်သော တောင်ငူ၊ အုတ်တွင်းနှင့် ဖြူးမြို့နယ်များတွင် ရောင်းချကြောင်း သိရပါသည်။

DOCA(ပဲခူး)