Main menu

ပြည်မြို့တွင် ဂွေးသီးများပေါ်ချိန်ဖြစ်၍ အရောင်းအဝယ်ဖြစ်လျက်ရှိ

Powered by Drupal

     ဂွေးသီးပင်သည် မြန်မာနိုင်ငံအနှံ့အပြားတွင် စိုက်ပျိုးသော အပင်အမျိုးအစားဖြစ်ပါသည်။ ဂွေးချိုသီးနှင့် ဂွေးချဉ်သီးဟူ၍ အမျိုးအစား(၂)မျိုးရှိပါသည်။ ဂွေးချဉ်သီးမှာ အများအားဖြင့် ငပိချက် ချက်၍ စားသောက်ခြင်း၊ အချဉ်ထည့်၍စားသောက်ခြင်း၊ ထောင်း၍စားသောက်ခြင်းများ ပြုလုပ် ကြပါသည်။ ဂွေးချိုသီးကတော့ ငရုတ်သီးမှုန့်ဖြင့် တို့စား၍လည်းကောင်း၊ အချဉ်ပေါင်း ပြုလုပ်၍ လည်းကောင်း သားရေစာအဖြစ်စားသုံးကြပါသည်။ ဂွေးသီးတွင် ကယ်လိုရီပါဝင်မှု လျော့နည်းခြင်း၊ နှလုံးရောဂါဖြစ်ပွားမှုကာကွယ်ပေးခြင်း၊ အမျှင်ဓါတ်ပါဝင်မှုမြင့်မားခြင်း၊ ဗီတာမင်စီ ပါဝင်မှုများခြင်း သံဓါတ်ပါဝင်မှုများခြင်း၊ ကယ်လ်စီယမ်ပါဝင်ခြင်း စသည့် ကျန်းမာရေးကို အကျိုးပြုစေပါသည်။ ဂွေးပင်သည် အပင်ကြီးမျိုးဖြစ်ပြီး ယခုအခါ စိုက်ပျိုးရေးနည်းစနစ်များ အဆင့်မြင့်လာပြီဖြစ်၍ (၆)လနှင့် အသီးသီးသော အပင်မျိုးများ စိုက်ပျိုးအောင်မြင်နေပါသည်။ တစ်နှစ်ပတ်လုံး အသီးသီး သော အပင်မျိုးဖြစ်ပါသည်။ ယခုအချိန် ဈေးကွက်အတွင်းတွင် အသီး(၁၀) လုံးပါ တစ်တွဲလျှင် (၂၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း သိရပါသည်။

DOCA(ပဲခူး)