Main menu

စပါးဈေးနှုန်းအမြင့်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိ

Powered by Drupal

    ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်တွင် ၂၀၂၂ခုနှစ်၊ အောက်တိုဘာလမှစတင်၍ မိုးစပါးပေါ်ချိန်တွင် မှော်ဘီစပါးဈေးနှင့် ကရင်မစပါးဈေးမှာ မှော်ဘီတင်း(၁၀၀)လျှင် (၁၁၀၀၀၀၀)ကျပ်၊ ကရင်မတင်း(၁၀၀)လျှင် (၉၀၀၀၀၀)ကျပ်၊ မှော်ဘီဆန်(၁၀၈)ပေါင်ပါ တစ်အိတ်လျှင် (၄၈၀၀၀)ကျပ်၊ ကရင်မဆန်တစ်အိတ်လျှင် (၄၃၀၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပြီး နိုဝင်ဘာလတွင် မှော်ဘီစပါးတင်း(၁၀၀)လျှင် (၁၂၉၀၀၀၀)ကျပ်၊ ကရင်မစပါးတင်း(၁၀၀)လျှင် (၁၂၀၀၀၀၀)ကျပ်၊ မှော်ဘီဆန်တစ်အိတ်လျှင် (၅၂၀၀၀)ကျပ်၊ ကရင်မဆန်တစ်အိတ်လျှင် (၄၅၀၀၀)ကျပ်၊ ဒီဇင်ဘာလနှင့် ၂၀၂၃ခုနှစ်၊ ဇန်နဝါရီလမှ ဖေဖော်ဝါရီလအထိ စပါးဈေးငြိမ်နေရာမှ မတ်လတွင် မှော်ဘီစပါးတင်း(၁၀၀)လျှင် (၁၅၀၀၀၀၀)ကျပ်၊ ကရင်မတင်း(၁၀၀)လျှင် (၁၄၂၀၀၀၀)ကျပ်၊ မှော်ဘီဆန်တစ်အိတ်လျှင် (၅၈၀၀၀)ကျပ်၊ ကရင်မဆန်တစ်အိတ်လျှင် (၅၃၀၀၀)ကျပ်ဖြင့်အရောင်းအဝယ်ဖြစ်ခဲ့ပါသည်။ ဧပြီလနှင့် မေလတွင် မှော်ဘီစပါးတင်း(၁၀၀)လျှင် (၁၆၀၀၀၀၀)ကျပ်၊ ကရင်မစပါးတင်း(၁၀၀) လျှင် (၁၅၅၀၀၀၀)ကျပ်၊ မှော်ဘီဆန်တစ်အိတ်လျှင် (၆၀၀၀၀)ကျပ်၊ ကရင်မဆန်တစ်အိတ်လျှင် (၅၅၀၀၀)ကျပ်ဖြင့်အရောင်းအဝယ်ခဲ့ပါသည်။ ယခုဇွန်လ၊ ဒုတိယအပတ်တွင် မှော်ဘီစပါးတင်း(၁၀၀)လျှင် (၁၇၅၀၀၀၀)ကျပ်၊ ကရင်မစပါးတင်း(၁၀၀)လျှင် (၁၇၀၀၀၀၀)ကျပ်၊ မှော်ဘီဆန်တစ်အိတ်လျှင် (၆၅၀၀၀)ကျပ်၊ ကရင်မဆန်တစ်အိတ်လျှင် (၆၃၀၀၀)ကျပ်စသည့် ဈေးနှုန်းမြင့်တို့ဖြင့် ရောင်းဝယ်လျက်ရှိပါသည်။

DOCA(ပဲခူး)