စားသုံးသူရေးရာဦးစီးဌာန၊ သာယာဝတီခရိုင်အတွင်းရှိ လက်ပံတန်းမြို့နယ်၊ စည်ပင်သာယာဈေး၌ ၂၀၂၃ခုနှစ်၊ မေလ၊ နောက်ဆုံးအပတ်တွင် ချင်းဈေးနှုန်းမှာ (၁၀) ကျပ်သားလျှင် (၇၀၀) ကျပ်မှ (၇၅၀) ကျပ်၊ ဇွန်လ၊ ပထမအပတ်နှင့် ဒုတိယအပတ်တို့တွင် ချင်းဈေးနှုန်းမှာ (၁၀) ကျပ်သားလျှင် (၇၅၀) ကျပ်မှ (၁၂၀၀) ကျပ်အထိမြင့်တက်လာပါသည်။
ဇွန်လ၊ ပထမအပတ်တွင် ကြက်သွန်ဖြူ (ရှမ်းစ) တစ်ပိဿာလျှင် (၆၀၀၀) ကျပ်နှင့် ကြူကုတ်တစ်ပိဿာလျှင် (၇၀၀၀) ကျပ်တို့ဖြင့် ဈေးအနည်းငယ်စီမြင့်တက်ခဲ့ပြီး ယခုဇွန်လ၊ ဒုတိယအပတ်နှင့် တတိယအပတ်တို့တွင် ကြက်သွန်ဖြူ (ရှမ်းစ) တစ်ပိဿာလျှင် (၇၀၀၀) ကျပ်၊ ကြူကုတ်တစ်ပိဿာလျှင် (၈၀၀၀) ကျပ်အထိမြင့်တက်လာခဲ့ကြောင်း သိရှိရပါသည်။
DOCA(ပဲခူး)