ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဦးစီးမှူးရုံးတွင် ၂၀၂၃ခုနှစ်၊ ဇူလိုင်လ ၂၁ရက်နေ့၊ နေ့လယ် (၁၃း၀၀) နာရီအချိန်၌ (ရုံးချုပ်) နေပြည်တော်၊ ရုံးအမှတ် (၅၂) တွင် Virtual စနစ်ဖြင့် ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးခင်မောင်လှိုင်ဦးဆောင်၍ စီမံရေးရာဌာနခွဲမှ ညွှန်ကြားရေးမှူး ဦးကျော်စွာဝင်း၊ ငွေစာရင်းဌာနခွဲမှ ညွှန်ကြားရေးမှူး ဒေါ်ဝင်းဝင်းကြူတို့နှင့် ကျင်းပပြုလုပ်သော လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တိုင်းဦးစီးမှူးရုံးမှ စီမံရေးရာတာဝန်ခံ ဒေါ်မိုးမိုးခိုင်၊ ငွေစာရင်းတာဝန်ခံ ဒေါ်စောမို့မို့နှင့် အမှုထမ်းများတက်ရောက်ခဲ့ကြပါသည်။
အစည်းအဝေးတွင် စီမံရေးရာဌာနခွဲ၊ ညွှန်ကြားရေးမှူးများက ဝန်ထမ်းရေးရာနှင့်ပတ်သက်သည့်လုပ်ထုံးလုပ်နည်းများ၊ သင်တန်းသားစေလွှတ်သည့်ကိစ္စရပ်များကိုလည်းကောင်း၊ ငွေစာရင်းဌာနခွဲမှ ညွှန်ကြားရေးမှူးက လုပ်ငန်းဆောင်ရွက်ရာတွင် လိုက်နာရမည့် ဘဏ္ဍာရေးဆိုင်ရာလုပ်ထုံးလုပ်နည်းများကိုလည်းကောင်း အသေးစိတ်ရှင်းလင်းဆွေးနွေးခဲ့၍ တက်ရောက်လာသူများကလည်း သိလိုသည်များကိုမေးမြန်းခဲ့ကြရာ တာဝန်ရှိသူများက ပြန်လည်ဖြေကြားပေးခဲ့ကြောင်းသိရပါသည်။
DOCA(ဧရာဝတီ)