ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံ ဦးအောင်နိုင်ဦးနှင့်ဝန်ထမ်းများသည် (၂၀-၇-၂၀၂၃) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် ရွှေတောင်မြို့နယ်၊ ဝါးလည်ကျေးရွာရှိ အ.မ.ကသို့သွားရောက်၍ စားသုံးသူအသိပညာပေးဟောပြောပွဲဆောင်ရွက်ခဲ့ပါသည်။
အဆိုပါဟောပြောပွဲတွင် ရွှေတောင်မြို့နယ်ရှိ မြို့နယ်တာဝန်ခံနှင့်ဝန်ထမ်းများသည် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ တိုင်းရင်းဆေးပညာဦးစီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနတို့နှင့်ပူးပေါင်း၍ ဆောင်ရွက်ခဲ့ကြပါသည်။ ဟောပြောပွဲတွင် ရွှေတောင် မြို့နယ်ရုံးမှ ဒေါ်ယဉ်ယဉ်ဆင့်က စားသုံးသူအခွင့်အရေးများအကြောင်း၊ စားသုံးသူများလိုက်နာရမည့်တာဝန်နှင့်ဝတ္တရားများ၊ ကုန်အညွှန်းအမှတ်အသားပါ စားသုံးသူအခွင့်အရေး (၈) ချက်တို့ကို ကျောင်းသား/ကျောင်းသူ (၄၅) ဦးတို့အား ဆွေးနွေးဟောပြောခဲ့ကြပါသည်။ ထို့ပြင် အစားအစာများကိုဘေးအန္တရာယ်ကင်းရှင်းစွာဝယ်ယူစားသုံးနိုင်ရန်လည်းပြောကြားခဲ့ကြောင်း သိရှိရပါသည်။
DOCA(ပဲခူး)