၂၀၂၃ခုနှစ်၊ ဇူလိုင်လ (၂၈) ရက်နေ့၊ နံနက် (၁၀း၀၀) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ ထားဝယ်မြို့မှ စစ်ဆေးရေးအရာရှိနှင့် ဝန်ထမ်းများသည် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့တို့နှင့်အတူ ထားဝယ်မြို့ပေါ်ရှိ မုန့်တိုက်များအား စျေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြပါသည်။
ထိုသို့စစ်ဆေးဆောင်ရွက်ရာတွင် မုန့်တိုက်အတွင်းရောင်းချနေသော ပေါင်မုန့်၊ ကိတ်မုန့်များတွင် စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉၈ပါ ပြဋ္ဌာန်းချက်များနှင့်အညီ ကုန်အညွှန်းအမှတ်အသားဖော်ပြထားရှိခြင်းရှိ/မရှိနှင့် သက်တမ်းလွန်မုန့်များရောင်းချနေမှုရှိ/မရှိတို့ကိုစစ်ဆေးခဲ့ကြောင်း၊ မုန့်တိုက်လုပ်ငန်းရှင်များအား ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်ပတ်သက်၍ စားသုံးသူရေးရာဦးစီးဌာနတွသို့လာရောက်၍ အသေးစိတ်မေးမြန်းဆွေးနွေးနိုင်ပါကြောင်း၊ ကုန်အညွှန်းအမှတ်အသားများကိုလည်း လာရောက်လျှောက်ထားစေလိုကြောင်းနှင့် အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေခဲ့ကြောင်းသိရှိရပါသည်။
DOCA(တနင်္သာရီ)