စားသုံးသူရေးရာဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်တာဝန်ခံရုံးမှ ဝန်ထမ်းများသည် စားသုံးသူပြည်သူများအနေဖြင့် ကုန်စည်နှင့်ဝန်ဆောင်မှုများဝယ်ယူသုံးစွဲရာတွင် ဘေးအန္တရာယ်ကင်းရှင်းစွာအသုံးပြုနိုင်စေရန်အတွက် မိတ်ဖက်ဌာနများဖြစ်ကြသည့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ ကျန်းမာရေးဦးစီးဌာနတို့နှင့်ပူးပေါင်း၍ ပေါင်းတည်မြို့ပေါ်ရှိ စားသောက်ကုန် ကုန်စုံဆိုင်နှင့်စတိုးဆိုင်များသို့ (၂၅-၇-၂၀၂၃) ရက်နေ့၌ ကွင်းဆင်းစစ်ဆေးခြင်းများဆောင်ရွက်ခဲ့ပါသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ရာတွင် ဈေးကွက်အတွင်းရောင်းချလျက်ရှိသော အသင့်သောက်အချိုရည်များနှင့် စားသုံးဆီများတွင် စားသုံးသူကာကွယ်ရေးဥပဒေ အခန်း (၁၈) ပါ ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာဖော်ပြထားမှရှိ/မရှိကိုစစ်ဆေးခဲ့ပြီးနောက် ဆိုင်ရှင်များအား တရားမဝင်ပြည်ပမှတင်သွင်းသောကုန်ပစ္စည်းများကို ရောင်းချခြင်းမပြုရန်နှင့် ကုန်အညွှန်းအမှတ်အသားစစ်ဆေးပြီးမှသာရောင်းချကြရန် ဆွေးနွေးခဲ့ကြောင်းသိရှိရပါသည်။
DOCA(ပဲခူး)