Main menu

စက်မှုဝန်ကြီးဌာနက စပါးခွံလောင်စာသုံး (Gasifire) စက်ရုံအား ကြည့်ရှုစစ်ဆေးခြင်းအခမ်းအနားကို ဒိုက်ဦး၌ ကျင်းပ

Powered by Drupal

  ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ဒိုက်ဦးမြို့၊ အောင်စိုးမိုးကျေးရွာရှိ ရဲထွန်း ဆန်စက်၊ ဆီစက်လုပ်ငန်းရှင် ဦးရဲမြင့်၏လုပ်ငန်းခွင်၌ ၂၀၂၃ခုနှစ်၊ ဇူလိုင်လ (၂၉) ရက်နေ့၊ နေ့လယ်  (၁၅း၀၀) နာရီအချိန်တွင် စက်မှုဝန်ကြီးဌာနက စပါးခွံလျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေးစက်ရုံ (Gasifire Power Plant) စက်ရုံအား ကြည့်ရှုစစ်ဆေးခြင်းအခမ်းအနားကို ဒိုက်ဦး၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

       အခမ်းအနားတွင် ပဲခူးတိုင်းဒေသကြီးအရှေ့ လျှပ်စစ်အင်ဂျင်နီယာ ဦးရဲဝဏ္ကက တိုင်းဒေသကြီးအတွင်း တည်ဆောက်အသုံးပြုနေသည့် Gasifire စက်ရုံများနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပါသည်။

   ဆက်လက်၍ “ရဲထွန်း” ဆန်စက်၊ ဆီစက်လုပ်ငန်းရှင် ဦးရဲမြင့်က အဆင့်မြှင့်နည်းပညာဖြင့်တည်ဆောက်ထားသော စပါးခွံလျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးစက်ရုံ (Gasifire Power Plant) တည်ဆောက်မှုနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပါသည်။

     ထို့နောက် စက်မှုဝန်ကြီးဌာန၊ စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှုးချုပ် ဦးတင်ရွှေဦးက Gasifire နှင့်ပတ်သက်၍လည်းကောင်း၊ စက်မှုဝန်ကြီးဌာန၊ ပြည်‌ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းက နိဂုံးချုပ်အမှာစကားပြောကြားခဲ့ပြီးနောက် ဝန်ကြီးနှင့် တက်ရောက်လာကြသောဧည့်သည်တော်များက ဦးရဲမြင့်တည်ဆောက်ထားသော စပါးခွံလျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးစက်ရုံလည်ပတ်နေမှုအား လှည့်လည်၍ ကြည့်ရှုလေ့လာခဲ့ကြပါသည်။

       အခမ်းအနားသို့ ပဲခူးတိုင်းဒေကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ ဖိတ်ကြားထားသောဌာနဆိုင်ရာအကြီးအကဲများနှင့် ဆန်စက်၊ ဆီစက်လုပ်ငန်းရှင်စုစုပေါင်း ၁၅ဦးခန့်တက်ရောက်ခဲ့ကြကြောင်းသိရပါသည်။

DOCA(ပဲခူး)