ဧရာဝတီတိုင်းဒေသကြီး၊ ဘိုကလေးမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှမြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းတို့သည် ၂၀၂၃ခုနှစ်၊ ဩဂုတ်လ(၃)ရက်နေ့၊ နံနက်(၁၁:၀၀)နာရီအချိန်တွင် ဘိုကလေးမြို့ ရုပ်ဆိုင်ကျေးရွာ ဇေယျာသိင်္ဂီဝင်းဆန်စက်သို့ကွင်းဆင်းစိစစ်ခဲ့ကြပါသည်။
ထိုသို့ကွင်းဆင်းစိစစ်ရာတွင် ဆန်စက်ထုတ်လုပ်မှုနှင့်ပတ်သက်၍ ဆန်စပါးအရည်အသွေးပြည့်မီစေရေး၊ အချိန်အတွယ်များပြည့်မီမှန်ကန်မှုရှိ/မရှိ၊ ဆန်စပါးဈေးနှုန်းဈေးကွက်အခြေအနေများတည်ငြိမ်မှုရှိ/မရှိ၊ ပုဂ္ဂလိကကနှင့် ကုန်သွယ်မှုဖွံ့ဖြိုးတိုးတက်ရေး၊ ထုတ်ကုန်လုံခြုံစိတ်ချရမှုနှင့် MSMEsလုပ်ငန်းဖွံ့ဖြိုးတိုးတက်စေရေး၊ စက်ကိရိယာနှင့်ပတ်သက်၍ နည်းစနစ်သစ်များ၊ တပ်ဆင်မှုများခေတ်မီဖွံ့ဖြိုးတိုးတက်မှသာ ထုတ်ကုန်များပိုမိုထုတ်လုပ်နိုင်ခြင်း၊ ထုတ်ကုန်များပိုမိုထုတ်လုပ်နိုင်လေ အလုပ်သမားမိသားစုများအတွက် စားဝတ်နေရေးပြေလည်စေနိုင်ခြင်း၊ စွန့်ပစ်ပစ္စည်းများ စနစ်တကျစွန့်ပစ်နိုင်ခြင်းရှိ/မရှိတို့ကို ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသတင်းရရှိပါသည်။
DOCA(ဧရာဝတီ)