ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးအောင်လွင့်နှင့် ဝန်ထမ်းများသည် (၃.၈.၂၀၂၃) နေ့တွင် ညောင်တုန်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ညောင်တုန်းဆီစက်လုပ်ငန်းရှင်အသင်း အဖွဲ့ဝင်(၁၂)ဦးနှင့်တွေ့ဆုံ၍ ဆီစက်ကုန်ကြမ်းရရှိမှု၊ ဆီစက်ကြိုတ်ခွဲမှု၊ ဆီဈေးကွက်အခြေအနေနှင့် ဆီလုပ်ငန်းရှင်များအသင်းအစည်းအဝေးနှင့် စားသုံးသူကာကွယ်ရေးအသိပညာပေးတွေ့ဆုံဆွေး နွေးခဲ့ပါသည်။
အဆိုပါဆွေးနွေးပွဲတွင် ညောင်တုန်းမြို့နယ်ဦးစီးမှူး ဦးအောင်လွင်က စားသုံးသူကာကွယ်ရေးဥပဒေ အကြောင်းသိကောင်းစရာများကိုဆွေးနွေးပြီး ပြည်တွင်းဒေသထွက် ဆီစက်များ မြေပဲ၊ နေကြာနှင့် ဆီထွက်သီးနှံများ ကြိတ်ခွဲမှုအခြေအနေမှာ ကုန်ကြမ်းရရှိမှုကာလအတွင်း ကြိတ်ခွဲထုတ်လုပ်မှုရှိပြီး ကုန်ကြမ်းပြတ်လပ်မှုအခြေအနေများနှင့် ဈေးကွက်တွင် စားသုံးဆီအသုံးပြုမှုအခြေအနေများကိုမေးမြန်းဆွေးနွေးခဲ့ပြီး ဆီစက်အသင်းရေရှည်တည်တံ ခိုင်မြဲနိုင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်ရမည့်အခြေအနေများ ဆီကြိတ်ခွဲရန် ကုန်ကြမ်းရရှိနိုင်မည့်နည်းလမ်းကောင်းများနှင့် တန်ဘိုးမြင့်ဆီထုတ်လုပ်နိုင်ရန်အတွက် လိုအပ်သည့်နည်းပညာအကူအညီများရရှိနိုင်မည့် အခွင့်အလမ်းကောင်းများကို ထည့်သွင်းဆွေးနွေးခဲ့ကြပြီး လုပ်ငန်းရှင်များမှ ထုတ်လုပ်သောကုန်စည်များ အရည်အသွေမြင့်မားစေရေးနှင့် ကုန်စည်နှင့် ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ အာမခံချက်ပေးနိုင်သည့်အချက်အလက်များအကြောင်း၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနသည် အွန်လိုင်းစနစ်ဖြင့်ရောင်းချခြင်းလုပ်ငန်းကို အရေးကြီးဝန်ဆောင်မှုလုပ်ငန်းအဖြစ် သတ်မှတ်ထားသည့်လုပ်ငန်းများကိုလည်း မှတ်ပုံတင်လျှောက်ထားရရှိရမည်ဖြစ်ပြီး အမိန်ကြေငြာစာထုတ်ပြန်ပြီး ခြောက်လပြည့်သည့်နေ့မှစ၍ မှတ်ပုံတင်မရှိပဲ အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းမျိုးတွေ့ရှိပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေပုဒ်မ ၅အရ အရေးယူခံရမည်ဖြစ်ကြောင်းကို အသိပညာပေးဆွေးနွေးခဲ့ကြောင်းသိရပါသည်။
DOCA(ဧရာဝတီ)