Main menu

ချောင်းဆုံမြို့နယ်တွင် အွန်လိုင်းရောင်းဝယ်မှုဆိုင်ရာ စားသုံးသူအသိပညာပေးဆွေးနွေးပွဲ (Talk Show) ပြုလုပ်

Powered by Drupal

    မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှိ လူထုအခြေပြုဗဟိုခန်းမတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စားသုံးသူရေးရာဦးစီးဌာနတို့ပူးပေါင်း၍ ၃.၈.၂၀၂၃ ရက်နေ့တွင် အွန်လိုင်းရောင်းဝယ်မှုဆိုင်ရာ စားသုံးသူ အသိပညာပေးဆွေးနွေးပွဲ (Talk Show) အစီအစဉ်ကိုကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

    ဆွေးနွေးပွဲတွင် ချောင်းဆုံမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိက Talk Show အစီအစဉ်ကျင်းပပြုလုပ်ရသည့် ရည်ရွယ်ချက်ကိုရှင်းလင်းပြီး စားသုံးသူရေးရာဦးစီးဌာနမှ ချောင်းဆုံမြို့နယ်တာဝန်ခံ ဒေါ်ထက်ထက်နွေဦးက  စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် စားသုံးသူများကို ကုန်စည်နှင့်ဝန်ဆောင်မှုများနှင့်ပတ်သက်၍ နစ်နာဆုံးရှုံးမှုများမဖြစ်စေရန် ဆောင်ရွက်ပေးနေသည့်အကြောင်းအရာများ၊ ယနေ့ခေတ်၌ တွင်တွင်ကျယ်ကျယ်အသုံးပြုလာသည့် အွန်လိုင်းရောင်းဝယ်မှုများနှင့်အတူ ပေါ်ပေါက်လာသည့်စားသုံးသူတို့၏ ထိခိုက်နစ်နာမှုများနှင့်ပတ်သက်၍တိုင်ကြားမှုများ၊ စားသုံးသူများအနေဖြင့် အွန်လိုင်းမှတစ်ဆင့် ဝယ်ယူခြင်းမပြုမီ သတိပြုရမည့်အချက်များ၊ စားသုံးသူထိခိုက်နစ်နာမှုများနှင့်ပတ်သက်၍ တိုင်ကြားနိုင်သည့်နည်းလမ်းများ၊ အွန်လိုင်းမှ ဝယ်ယူစားသုံးသူများအနေဖြင့် ထိခိုက်နစ်နာမှုမရှိစေရေးအတွက် ထိန်းကျောင်းနိုင်ရန် စားသုံးသူရေးရာဦးစီးဌာနမှ အကောင်အထည်ဖော်ဆောင်ရွက်နေသည့် Online Shopping မှတ်ပုံတင်စနစ်လုပ်ငန်းများ စသည့်သိမှတ်ဖွယ်ရာများတို့ကို ကျယ်ကျယ်ပြန့်ပြန့်ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မွန်)