စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ကန့်ဘလူခရိုင်ဦးစီးမှူးရုံးအနေဖြင့် “ထုတ်ကုန်လုံခြုံစိတ်ချရမှုအစ ကုန်အညွှန်းအမှတ်အသားက” ဆိုသည့်အတိုင်း ဈေးကွက်အတွင်း ရောင်းချလျက်ရှိသောကုန်စည်များကို ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေးအတွက် ကုန်အညွှန်းအမှတ်အသားများကို ညွှန်ကြားချက်နှင့်အညီ ဖော်ပြထားခြင်းရှိ/မရှိ သက်ဆိုင်ရာဌာနများနှင့်ပူးပေါင်း၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းကို လစဉ်ဆောင်ရွက်လျက်ရှိပါသည်။
ထိုသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းကို ဩဂုတ်လအတွင်း စားသုံးသူရေးရာဦးစီးဌာနမှဦးဆောင်၍ (၃-၈-၂၀၂၃)ရက်နေ့တွင် ကန့်ဘလူခရိုင် ၊ ကျွန်းလှမြို့ ၊ ပျဉ်းမမြိုင်ရပ်ကွက်ရှိ ကုန်စုံ ဆိုင်(၁)ဆိုင်နှင့် စည်ပင်သာယာဈေးရှိ ကုန်စုံဆိုင်(၁)ဆိုင်သို့လည်းကောင်း၊ (၄-၈-၂၀၂၃)ရက်နေ့တွင် ကန့်ဘလူမြို့ ၊ အမှတ်(၅) ရပ်ကွက်ရှိ ကုန်စုံဆိုင်(၂)ဆိုင်သို့လည်းကောင်း၊ (၉-၈-၂၀၂၃) ရက်နေ့တွင် ကန့်ဘလူမြို့၊ မြို့မဈေးရှိ ကုန်စုံဆိုင်(၂)ဆိုင်သို့လည်းကောင်း၊ (၁၀-၈-၂၀၂၃)ရက်နေ့တွင် ကျွန်းလှမြို့ ၊သစ်ရာမြိုင်ရပ်ကွက်ရှိ ကုန်စုံဆိုင်(၁)ဆိုင်သို့လည်းကောင်း၊ (၁၆-၈-၂၀၂၃)ရက်နေ့တွင် ကန့်ဘလူမြို့၊ အမှတ်(၃)ရပ်ကွက်ရှိ စက်သုံးဆီအရောင်းဆိုင်(၁)ဆိုင်သို့လည်းကောင်း၊ (၁၈-၈-၂၀၂၃)ရက်နေ့တွင် ကျွန်းလှမြို့နယ် ရှမ်းစုကျေးရွာရှိ စက်သုံးဆီအရောင်းဆိုင်(၁)ဆိုင်သို့လည်းကောင်း ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းစုစုပေါင်း (၄)ကြိမ်နှင့် အထူးဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း (၂)ကြိမ်ဆောင်ရွက်ခဲ့ပြီး အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။
DOCA(စစ်ကိုင်း)