ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်ရှိ ဆန်စက်လုပ်ငန်းရှင်များအား (၆-၉-၂၀၂၃) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူး ဦးဇော်မင်းနှင့်ဝန်ထမ်းများသည် မြို့ကွက်သစ်ရပ်ကွက်ရှိ တောင်ထိပ်ပန်းပွင့်အစည်းအဝေးခန်းမ၌ တွေ့ဆုံ၍ အသိပညာပေးဆွေးနွေးခဲ့ပါသည်။
အဆိုပါတွေ့ဆုံဆွေးနွေးပွဲတွင် ဆန်စက်လုပ်ငန်းရှင်တစ်ဦးက ပန်းတနော်မြို့နယ်၏ ဆန်စပါးဈေးနှုန်းဈေးကွက်အခြေအနေ၊ ဆန်စက်လုပ်ငန်းရှင်အသင်း၏ဆောင်ရွက်ထားရှိမှုနှင့် အသင်းအဖွဲ့စည်းမျဉ်းစည်းကမ်းများနှင့် လိုက်နာဆောင်ရွက်မှုတို့၏တိုးတက်မှုများကို စတင်ဆွေးနွေးခဲ့ပါသည်။
စားသုံးသူရေးရာဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးဇော်မင်းက အသင်းအဖွဲ့စည်းမျဉ်းစည်းကမ်းများကို ပိုမိုလိုက်နာဆောင်ရွက်ပါက အသင်းအဖွဲ့ဖွံ့ဖြိုးတိုးတက်မှုရလဒ်ကောင်းများနှင့် ဆန်စပါးဈေးကွက်ဖြစ်ပေါ်လာမှုအပေါ် ဆန်စက်လုပ်ငန်းရှင်များအသင်းနှင့် စားသုံးသူရေးရာဦးစီးဌာနတို့ပူးပေါင်းဆောင်ရွက်သင့်သည့် အခြေအနေများကို အပြန်အလှန်ရင်းနှီးပွင့်လင်းစွာဆွေးနွေးခဲ့ကြပြီး ဆန်စက်လုပ်ငန်းရှင် (၉)ဦးတက်ရောက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။
DOCA(ဧရာဝတီ)