(၁၀-၉-၂၀၂၃) ရက်နေ့၊ နေ့လယ် (၁၃:၀၀)နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံး၌ ပြည်နယ်ဦးစီးမှူး ဦးသန်းဦးသည် ဒေသတွင်းစားသုံးဆီဈေးနှုန်းတည်ငြိမ်စေရေးနှင့် ဈေးနှုန်းကျဆင်းရေးအတွက် ကရင်ပြည်နယ်စားသုံးဆီကုန်သည်များနှင့်စားသုံးဆီလုပ်ငန်းရှင်များအသင်းမှ အသင်းဝင်များနှင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်းသိရသည်။
အဆိုပါ ဆွေးနွေးပွဲတွင် စားသုံးသူရေးရာဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဦးသန်းဦးက ကရင်ပြည်နယ်အတွင်း စားသုံးဆီဈေးနှုန်းတည်ငြိမ်ရေးနှင့် ကျဆင်းရေးအတွက် ကြီးကြပ်ဆောင်ရွက်ပေးရသည့်လုပ်ငန်းစဉ်များနှင့် ရှေ့ဆက်ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်တို့ကို ဆွေးနွေးပြောကြားပြီး ကရင်ပြည်နယ်စားသုံးဆီကုန်သည်များနှင့်စားသုံးဆီလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးဖြိုးဇော်ထွန်းက ပြည်နယ်တွင်း စားသုံးဆီရောင်းချခြင်းအတွက် လုပ်ငန်းစဉ်များအား ရှင်းလင်းဆွေးနွေးပြီး တက်ရောက်လာသောအသင်းဝင်များက သိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့ကြပါသည်။
ဆက်လက်၍ မေးမြန်းဆွေးနွေးချက်များအပေါ် စားသုံးရေးရာဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးနှင့် ဆီအသင်းမှ တာဝန်ရှိသူတို့က ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ပြီး ပြည်နယ်ဦးစီးမှူးကလည်း နိဂုံးချုပ်အမှာစကားပြောကြားကာ ဆွေးနွေးပွဲကို နေ့လယ် (၁၅:၀၀)နာရီအချိန်တွင် ရုပ်သိမ်းခဲ့ကြောင်းနှင့် အဆိုပါ အစည်းအဝေးသို့ အသင်းဝင် (၁၄)ဦးတက်ရောက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။
DOCA(ကရင်)