Main menu

ကျောက်ဖြူမြို့ပေါ်ရှိ ကုန်စုံဆိုင်များတွင် ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းရှိ/မရှိ တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေး

Powered by Drupal

     ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့၌ ကုန်ပစ္စည်းများဈေးနှုန်းမြှင့်တင်ရောင်းချခြင်းရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်းကို ၂၀၂၃ခုနှစ်၊ အောက်တိုဘာလ(၁၃)ရက်နေ့၊ နံနက် (၀၉:၃၀) နာရီအချိန်တွင် မြို့နယ်အဆင့် အခြေခံစားသောက်ကုန်ဈေးနှုန်းများ ထိန်းသိမ်းကြီးကြပ်ရေးကော်မတီနှင့် မြို့နယ်အုပ်ချုပ်ရေးအဖွဲ့တို့ပူးပေါင်း၍ မြို့မစည်ပင်သာယာရေးဈေးကြီး၏ အတွင်း/အပြင်၌ ရောင်းချလျက်ရှိသော ကုန်ပစ္စည်းအရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေးခဲ့ကြပါသည်။

     ထိုသို့  ကွင်းဆင်းစစ်ဆေးရာတွင်  အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ကျောက်ဖြူမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာနမှ ဦးအေးကျော် (လ/ထ-ညွှန်ကြားရေးမှူး) တို့က မြို့မစည်ပင်သာယာရေးဈေးကြီး အတွင်း/အပြင်ရှိ စားသောက်ကုန်ပစ္စည်းအရောင်းဆိုင်များ၊ ဆေးနှင့်ဆေးပစ္စည်းအရောင်းဆိုင်များ၊ မြို့မဈေးကြီးအတွင်း ရောင်းချလျက်ရှိသောဆန်ဆိုင်များ၊ လူသုံးကုန်ပစ္စည်းအမျိုးမျိုးအရောင်းဆိုင်များသို့သွားရောက်၍ ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းရှိ/မရှိ ကွင်းဆင်းစစ်ဆေးခဲ့ပြီး ပုံမှန်ဈေးနှုန်းများထက်ပို၍ ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းများမပြုလုပ်ကြရန်      အသိပေးနှိုးဆော်ခဲ့ကြောင်းနှင့် ဦးအေးကျော်(လ/ထ-ညွှန်ကြားရေးမှူး) က ကုန်စုံဆိုင်ပိုင်ရှင်များအား လိုက်နာရမည့်တာဝန်များအကြောင်းကိုလည်းကောင်း၊ ကုန်စည်များရောင်းချရာတွင် (FDA) ထောက်ခံချက်ရရှိသောကုန်စည်များ၊ စားသုံးသူရေးရာဦးစီးဌာနမှ  ဥပဒေနှင့်အညီ ပြဋ္ဌာန်းသတ်မှတ်ထားသော ကုန်အညွှန်း အမှတ်အသားပြည့်စုံစွာဖော်ပြထားသည့် ကုန်စည်များကိုသာရောင်းချကြရန်နှင့် ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာဖော်ပြထားခြင်းမရှိသော ကုန်စည်များကိုရောင်းချခြင်းမပြုလုပ်ရန်လည်းကောင်း အသိပညာပေးဆွေးနွေးပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ရခိုင်)