Main menu

တိုက်ကြီးမြို့နယ်၏ သီးထပ်သီးညှပ်စိုက်ပျိုးထုတ်လုပ်မှု

Powered by Drupal

    တိုက်ကြီးမြို့နယ်အတွင်း  (၂၀၂၃-၂၀၂၄) ခုနှစ်၊ မိုးစပါးစိုက်ပျိုးရာသီတွင် မိုးစပါးစိုက်ပျိုးခဲ့သည့် စိုက်ဧရိယာများအပေါ် သီးထပ်သီးညှပ်အဖြစ် နွေစပါးအပါအဝင် ပဲမျိုးစုံ၊ ဆီထွက်သီးနှံနှင့် အခြားသီးနှံများကို ကွက်လပ်မကျန် အစိုဓာတ်မကုန်ဆုံးမီအချိန်၌ အချိန်မီစိုက်ပျိုးသွားနိုင်ရေး ရပ်ကွက်/ကျေးရွာအုပ်စုအလိုက် စီမံကိန်းတာဝန်ပေးအပ်၍ တွန်းအားပေးဆောင်ရွက်လျက်ရှိပါသည်။ တိုက်ကြီးမြို့နယ်၊ နွေစပါးစိုက်ပျိုးနိုင်ရေးအတွက် ဆည်ရေအား ၂၀၂၄ခုနှစ်၊ ဇန်နဝါရီလ (၁)ရက်နေ့မှစတင်ပေးဝေလျက်ရှိပြီး ရပ်ကွက်/ကျေးရွာအုပ်စုအလိုက် သီးထပ်သီးညှပ်စိုက်ပျိုးနိုင်ရေးအတွက် တာဝန်ယူဆောင်ရွက်၍ နွေစပါးအပြင် အခြားသီးနှံများဖြစ်သည့် ချဉ်ပေါင်၊ ငရုတ်၊ ပြောင်း၊ စားဖိုဆောင်သီးနှံများနှင့် ပိုက်ဆံလျှော်တို့ကို အလေးထားစိုက်ပျိုးလျက်ရှိပါသည်။ နွေစပါး၊ ပဲမျိုးစုံ၊ ဆီထွက်သီးနှံနှင့် အခြားသီးနှံများကို သီးထပ်သီးညှပ်အဖြစ်စိုက်ပျိုးလျက်ရှိပါသည်။ နွေစပါးကိုစိုက်ပျိုးရာတွင်လည်း ကြဲပက်စိုက်ပျိုးခြင်းမပြုရန်နှင့် တိုက်ရိုက်စိုက်ပျိုးမျိုးစေ့ချကိရိယာ (Seeder) များဖြင့်စိုက်ပျိုးရန်အတွက် လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ဝင်များနှင့် တာဝန်ပေးအပ်ထားသော ဌာနဆိုင်ရာများ၊ ရပ်ကွက်/ ကျေးရွာအုပ်ချုပ်ရေးမှူး၊ စာရေးများမှ နွေစပါးစိုက်တောင်သူတစ်ဦးချင်းအား ကွင်းဆင်းစည်းရုံးအလေးထားဆောင်ရွက်လျက်ရှိကြောင်းသိရှိရပါသည်။

DOCA(ရန်ကုန်)