Main menu

မန်းကြက်သွန်နီဈေးကွက်

Powered by Drupal

    မန္တလေးဈေးကွက်အတွင်းသို့ မြင်းခြံ၊ မလှိုင်နှင့် မြစ်သားမြို့နယ်များမှထွက်ရှိသည့် ကြက်သွန်နီများလှိုင်လှိုင်ဝင်ရောက်လျက်ရှိပါသည်။ မန္တလေးမြို့၊ ကြက်သွန်နီပွဲရုံများသို့ (၆)ဘီးကား hiluxe ကားများဖြင့် ကြက်သွန်နီများဝင်ရောက်လျက်ရှိပါသည်။မန္တလေးပွဲရုံများမှတစ်ဆင့် ရန်ကုန်၊ ပြင်ဦးလွင်၊ မတ္တရာ၊ စဉ့်ကူးနှင့် မိုးကုတ်မြို့များသို့ ကုန်စည်စီးဆင်းမှုရှိကြောင်းသိရှိရပါသည်။ ဈေးနှုန်းဈေးကွက်အနေဖြင့် ၂၀၂၄ခုနှစ်၊ ဇန်နဝါရီလ တတိယပတ်တွင် မြင်းခြံနှင့် မလှိုင်မြို့နယ်များမှထွက်ရှိသည့် ကြက်သွန်နီလုံးကြီး/လုံးသန့်တစ်ပိဿာလျှင် (၃၀၀၀-၃၁၀၀)ကျပ်၊ ဂျွန်တစ်ပိဿာလျှင် (၂၂၀၀-၂၃၀၀) ကျပ်၊ မြစ်သားကြက်သွန်နီလုံးကြီး/လုံးသန့်တစ်ပိဿာလျှင် (၃၄၀၀-၃၅၀၀) ကျပ်၊ ဂျွန်တစ်ပိဿာလျှင် (၂၆၀၀-၂၇၀၀) ကျပ်ဈေးများဖြင့် ပွဲရုံအရောက် အရောင်းအဝယ်ဖြစ်နေကြောင်း၊ ပွဲရုံများမှ ဈေးကွက်အတွင်းသို့ လက်လီဈေးနှုန်းဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း၊ ပွဲရုံများမှ ဈေးကွက်အတွင်း လက်လီဈေး မြင်းခြံ၊ မလှိုင်ဒေသထွက် လုံးကြီးဂေါ်ထိုး (၅)ပိဿာလျှင် (၁၆၀၀၀-၁၇၀၀၀) ကျပ်၊ ဂျွန်(၅)ပိဿာလျှင် (၁၄၀၀၀-၁၅၀၀၀) ကျပ်တို့ဖြင့်ရောင်းဝယ်မှုရှိကြောင်း မြို့တွင်းရှိပွဲရုံများတွင်လည်း ရောင်းဝယ်မှုများကောင်းမွန်ကြောင်း၊ မန္တလေးမြို့တွင်း ကြက်သွန်နီလက်လီရောင်းဈေးအနေဖြင့် မြစ်သားလုံးကြီးတစ်ပိဿာလျှင် (၃၈၀၀-၄၀၀၀) ကျပ်၊ လုံးသေးတစ်ပိဿာလျှင် (၃၂၀၀-၃၃၀၀) ကျပ်၊ မြင်းခြံ၊ မလှိုင်လုံးကြီးတစ်ပိဿာလျှင် (၃၂၀၀-၃၃၀၀) ကျပ်၊ လုံးသေးတစ်ပိဿာလျှင် (၂၆၀၀-၂၇၀၀)ကျပ်တို့ဖြင့် ဈေးကွက်အတွင်း အရောင်းအဝယ်ဖြစ်နေကြောင်းသိရှိရပါသည်။

DOCA(မန္တလေး)