Main menu

“ကျောက်ဆည်ခရိုင်၏ ဆောင်းမြေပဲစိုက်ပျိုးမှုအခြေအနေ”

Powered by Drupal

    ကျောက်ဆည်ခရိုင်သည် ဆည်ရေသောက်ဒေသဖြစ်သောကြောင့် သီးနှံမျိုးစုံစိုက်ပျိုးဖြစ်ထွန်းလျက်ရှိပြီး ၄င်းသီးနှံများအနက် မြေပဲသီးနှံကိုလည်း တောင်သူများတိုးချဲ့စိုက်ပျိုးလျက်ရှိပါသည်။ ယခုအချိန်တွင် တောင်သူများမှာ မိုးမြေပဲများကို အောင်မြင်စွာရိတ်သိမ်းပြီး ဆောင်းမြေပဲများကိုလည်းစိုက်ပျိုးလျက်ရှိရာ (၂၀၂၃-၂၀၂၄) ဘဏ္ဍာနှစ်၌ ဆောင်းမြေပဲလျာထားဧက (၁၀၇၈)ဧကလျာထားပြီး ကျောက်ဆည်မြို့နယ်တွင် (၂၉၇)ဧက၊ စဉ့်ကိုင်မြို့နယ်တွင် (၅၆)ဧက၊ မြစ်သားမြို့နယ်တွင် (၈၀၃) ဧက၊ စုစုပေါင်းဆောင်းမြေပဲစိုက်ဧက (၁၁၅၆)ဧကစိုက်ပျိုးနိုင်ခဲ့ကြောင်း၊ ခရိုင်လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာန၏ စာရင်းများအရသိရှိရပါသည် ။ဆောင်းမြေပဲကို စက်တင်ဘာလနှင့် အောက်တိုဘာလများတွင် စိုက်ပျိုးကြပြီး (၁)ဧက ကုန်ကျစရိတ်အနေဖြင့် မျိုး၊ သွင်းအားစု၊ လုပ်သားခအပါအဝင် စုစုပေါင်း (၅၃၀၀၀၀/)ကျပ်ခန့်ကုန်ကျကြောင်း၊ မြေပဲဈေးနှုန်းအနေဖြင့် ယခင်နှစ်၌ မိုးမြေပဲတောင့်တစ်တင်းလျှင် (၃၆၀၀၀/)ကျပ်၊ မြေပဲဆံတစ်ပိဿာလျှင် (၅၆၀၀/)ကျပ်၊ မြေပဲဆီတစ်ပိဿာလျှင် (၁၃၅၀၀/)ကျပ်ရှိခဲ့ပြီး ယခုအချိန်တွင် မြေပဲတောင့်တစ်တင်းလျှင် (၂၂၅၀၀/) ကျပ်၊ မြေပဲဆံတစ်ပိဿာလျှင် (၆၂၀၀/)ကျပ် ၊ မြေပဲဆီတစ်ပိဿာလျှင် (၁၂၅၀၀/)ကျပ်တို့ဖြင့် ရောင်းဝယ်လျက်ရှိကြောင်း၊ ဆောင်းမြေပဲပေါ်ချိန်တွင် ဈေးနှုန်းကောင်းမွန်ပါက  အကျိုးအမြတ်များပိုမိုရရှိနိုင်ကြောင်း  မြေပဲစိုက်တောင်သူတစ်ဦး၏ ပြောကြားချက်အရသိရှိရပါသည်။

DOCA(မန္တလေး)