Main menu

“ကျောက်ဆည်ခရိုင်၌ ပဲစဉ်းငုံ(မိုးဦး)များရိတ်သိမ်းလျက်ရှိ”

Powered by Drupal

    မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်တွင် ပဲမျိုးစုံစိုက်ပျိုးလျက်ရှိရာ  ၄င်းသီးနှံများအနက် ပဲစဉ်းငုံသီးနှံကိုလည်း စိုက်ပျိုးလျက်ရှိပါသည်။ (၂၀၂၃-၂၀၂၄) ဘဏ္ဍာနှစ်တွင် ပဲစဉ်းငုံစိုက်ဧကမှာ ကျောက်ဆည်မြို့နယ်တွင် (၈၆၇)ဧက၊ မြစ်သားမြို့နယ်တွင် (၆၈၅)ဧက၊ စုစုပေါင်း (၁၅၅၂)ဧကစိုက်ပျိုးထားရှိပြီး ယခုလက်ရှိအချိန်ထိ (၃၀၂)ဧကရိတ်သိမ်းပြီးစီးကြောင်း၊ အထွက်နှုန်းအနေဖြင့် (၁)ဧကလျှင် (၁၇)တင်းအထိထွက်ရှိကြောင်း၊ ခရိုင်လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာန၏ စာရင်းများအရသိရှိရပါသည် ။ ပဲစဉ်းငုံများအောင်မြင်စွာသီးပွင့်နေချိန်တွင် ပဲစဉ်းငုံစျေးနှုန်းမှာ (၁)တင်းလျှင် (၁၀၀၀၀၀/-)ကျပ်စျေးနှုန်းတို့ဖြင့် ရောင်းဝယ်လျက်ရှိပါသည်။ ယခု၂၀၂၄ခုနှစ်၊ ဇန်နဝါရီလ ပဲစဉ်းငုံပေါ်ချိန်တွင် ပဲစဉ်းငုံ(၁)တင်းလျှင် (၁၀၈၀၀၀/-)ကျပ်စျေးနှုန်းတို့ဖြင့်ရောင်းချရသဖြင့် ပေါ်ဦးပေါ်စ၌ ပဲစဉ်းငုံစိုက်တောင်သူများ စျေးကောင်းရရှိသဖြင့် အကျိုးအမြတ်များရရှိကြောင်း၊ ယခင်နှစ် ပဲစဉ်းငုံပေါ်ချိန်တွင် (၁)တင်းလျှင်(၅၇၀၀၀/-)ကျပ်သာရောင်းချခဲ့ရကြောင်းသိရှိရပါသည်။ ပဲစဉ်းငုံသီးနှံကိုစားသုံးခြင်းဖြင့် ကျန်းမာရေးအကျိုးကျေးဇူးများရှိပါသည်။ ၎င်းအပြင် စိုက်ပျိုးစရိတ်သက်သာပြီး အကျိုးအမြတ်များလည်းပိုမိုရရှိသော ကြောင့် ပဲစဉ်းငုံသီးနှံကို တောင်သူများအနေဖြင့် တိုးချဲ့စိုက်ပျိုးသင့်ကြောင်း ရေးသားတင်ပြလိုက်ရပါသည်။

DOCA(မန္တလေး)