Main menu

လှောင်လက်သမားများလက်ဝယ်ရှိနေသော ပြည်မန်ကျည်းသီးမှည့်ဈေးနှုန်း

Powered by Drupal

   ဒေသတွင်းထွက်ရှိသည့် ပြည်မန်ကျည်းသီးမှည့်လက်ကျန်များမှာ ပွဲရုံလှောင်လက်သမားများ၏ လက်ဝယ်၌သာရှိသောကြောင့် အခြားဒေသများဖြစ်သော ပခုက္ကူမှဝင်ရောက်လာသော မန်ကျည်းသီးမှည့်ဈေးနှုန်းအပေါ်မူတည်၍ ဈေးနှုန်းအနည်းငယ်မြင့်တက်လာသည်ကိုတွေ့ရပါသည်။ အရောင်းအဝယ်အနေဖြင့် အရောင်းသွက်နေသော်လည်း ဒေသတွင်းမန်ကျည်းမှည့် လှောင်သမားများ၏ လက်ဝယ်၌ ဈေးနှုန်းမြင့်တက်နေပါသည်။ ယခု၂၀၂၄ခုနှစ်၊ ဇန်နဝါရီလ တတိယပတ်တွင် မန်ကျည်းသီးမှည့်(ပွဲရုံ)တစ်ပိဿာလျှင် ၃၅၀၀ကျပ်နှင့် ပခုက္ကူမန်ကျည်းသီးဈေးနှုန်းမှာ ၄၅၀၀ကျပ်တို့ရှိကြောင်းသိရပါသည်။ လက်လီတစ်ပိဿာဈေးနှုန်းများမှာ ဒေသမန်ကျည်းသီးမှည့် ၄၀၀၀ကျပ်နှင့် ပခုက္ကူမန်ကျည်းသီးမှည့် ၅၅၀၀ကျပ်အထိတို့ဖြင့် အသီးသီးအရောင်းအဝယ်ဖြစ်လျက်ရှိကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)