Main menu

ဝင်ငွေကောင်း၍ တွက်ခြေကိုက်သည့် ပြောင်းဖူးစိမ်း (ခ) သကြားပြောင်း

Powered by Drupal

    ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပြည်မြို့နယ်၊ မှော်ဇာအုပ်စု၊ မှော်ဇာရွာနှင့် အနီးတဝိုက်ရွာရှိ ကျေးရွာများတွင် ဥယျာဉ်ခြံမြေလုပ်ငန်းများဖြင့် စီးပွားရေးလုပ်ကိုင်စားသောက်နေကြသော ကျေးရွာဖြစ်ကာ တောင်သူအများစုသည် ပြောင်းဖူးများကို တစ်နှစ်ပတ်လုံးစိုက်ပျိုးကြပါသည်။

    ပြောင်းဖူးမှာ မိုးရာသီပြောင်းဖူးစိုက်လျှင် ရက်(၉၀)နှင့် နွေရာသီစိုက်ပျိုးလျှင် (၇၅) ရက်အတွင်း ပြောင်းဖူးပေါ်ကြောင်းသိရှိရပါသည်။ တစ်နှစ်လျှင် ပြောင်းဖူးကို လေးကြိမ်အထိ စိုက်ပျိုး နိုင်ပြီး တစ်နှစ်စိုက်ပျိုးခြင်းဖြင့် ဝင်ငွေကောင်းပြီး စီးပွားရေးတွက်ခြေကိုက်ပါသည်။ စိုက်ပျိုးထားပြီး ထွက်ရှိလာသည့်ပြောင်းဖူးများအား တောင်သူများက ကုန်စည်ဒိုင်များသို့ သွားရောက် ရောင်းချခြင်းဖြင့်လည်းကောင်း၊ ရန်ကုန်-ပြည် ကားလမ်းဘေးများတွင် ပြောင်းဖူးများကို ပုံရောင်းခြင်း၊ ပြောင်းဖူးများအား (၅)ဖူးတွဲပါ အစည်းများစည်း၍ရောင်းချခြင်းနှင့် ပြောင်းဖူးကို မီးဖုတ်၍ရောင်းချခြင်း၊ ပြုတ်၍ သားရေစာအဖြစ်လည်းရောင်းချကြပါသည်။

     အဝါရောင်သကြားပြောင်း၏ အရသာမှာ ချို၍ ပြုတ်စား၍သော်လည်းလည်းကောင်း၊ ကြော်စား၍သော်လည်းကောင်း အရသာမှာ အလွန်ကောင်းမွန်သဖြင့် သကြားပြောင်းကို လူအများကြိုက်နှစ်သက်ကြပါသည်။ ဈေးကွက်အတွင်းရောင်းချသော သကြားပြောင်းဈေးမှာ အစိမ်း(၅)ဖူးပါတစ်တွဲလျှင် ၁၅၀၀ကျပ်ဖြင့်လည်းကောင်း၊ ပြောင်းဖူးများရောင်းချရာတွင် တစ်ဖူးလျှင် ၄၀၀ကျပ်ဖြင့်ရောင်းချကြောင်းသိရပါသည်။ ပြောင်းဖူးစိမ်းများအား ခုတ်ယူပြီး ကျန်ရှိသောအပင်များကို နွားစာအဖြစ် တစ်နိုင်တစ်ပိုင် နွားမွေးမြူသူများက ဝယ်ယူကြောင်းသိရှိရပါသည်။ ပြောင်းဖူးပင်သည် တစ်ပင်လုံးအသုံးဝင်သည့်အတွက် စိုက်ပျိုးရာတွင် ကွက်ခြေကိုက်ပြီး ဝင်ငွေကောင်းမွန်ကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)