Main menu

ရွှေတောင်မြို့နယ်တွင် ဖရဲသီးများစိုက်ပျိုးထွက်ရှိ

Powered by Drupal

   ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်၊ မီးလောင်အုပ်စု၊ ဝါးလည်ကျေးရွာ၌ ဖရဲသီးစိုက်ပျိုးထွက်ရှိသဖြင့် စားသုံးသူရေးရာဦးစီးဌာန၊ ရွှေတောင်မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် (၁၆-၁-၂၀၂၄) ရက်နေ့၊ နံနက်ပိုင်းအချိန်တွင် သွားရောက်၍ ကွင်းဆင်းလေ့လာခဲ့ပါသည်။

    ထိုသို့ကွင်းဆင်းလေ့လာရာ၌ ဝါးလည်ကျေးရွာရှိ ဖရဲစိုက်ပျိုးသူတောင်သူ ဦးအောင်ဇော်လင်းနှင့်တွေ့ဆုံ၍ မေးမြန်းခဲ့ရာ ဖရဲမျိုးစေ့(၂)ဧကခွဲစိုက်ပျိုးပြီး စိုက်ပျိုးသည့်မျိုးမှာ (FENGLE SEED) ဒေသတောင်သူအခေါ်မှာ ကလေးဖရဲမျိုးဖြစ်ပါသည်။ ထိုဖရဲကို မျိုးစေ့(၁၂)ဘူးခန့်စိုက်ပျိုးရပြီး မျိုးစေ့နို့ဆီတစ်ဘူးလျှင် မျိုးစေ့ (၈၀၀)ခန့်ပါရှိပြီး အလေအလွင့်အနည်းငယ်ရှိ၍ အပင်ပေါက်ကြောင်းသိရပါသည်။ ဖရဲကို သီတင်းကျွတ်လတွင် စတင်စိုက်ပျိုးပြီး စိုက်ပျိုးပြီးနောက် (၃)လခွဲအကြာတွင် အသီးများကိုခူးဆွတ်၍ ရောင်းချကြောင်းသိရပါသည်။ ဖရဲသီး (၂)ဧကခွဲစိုက်ပျိုးရာတွင် ထယ်ထိုးခြင်း၊ အပင်စိုက်ပျိုးခြင်း၊ ဆေးဖြန်းခြင်း၊ မျိုးစေ့ဖိုးနှင့် အလုပ်သမားခအားလုံးအပါအဝင် စုစုပေါင်းကုန်ကျစရိတ်အနေဖြင့် ကျပ်(၂၁)သိန်းကျော်ကုန်ကျကြောင်းသိရပါသည်။ ကလေးဖရဲကို တစ်ယောက်စိုက်လျှင် (၇၀၀)လုံးထွက်ရှိကြောင်းသိရပြီး ဈေးနှုန်းဈေးကွက်အနေဖြင့် ဖရဲခင်းအထိဆင်း၍ လာရောက်ဝယ်ယူကြပြီး ထိုမှတစ်ဆင့် မြို့နယ်များရှိဈေးကွက်များနှင့် ရန်ကုန်မြို့သို့ တင်ပို့ရောင်းချကြောင်းသိရပါသည်။ ဈေးနှုန်းအနေဖြင့် ဖရဲသီးအလုံးအကြီး/ အသေးပေါ်မူတည်၍ (၁၀၀၀-၁၃၀၀) ကျပ်ဖြင့်ရောင်းချကြောင်း သိရပါသည်။ တောင်သူအကျိုးအမြတ်နေဖြင့်လည်း တစ်ဧကလျှင် ဖရဲသီးထွက်ရှိမှုအလုံးအကြီး/ အသေးပေါ်မူတည်၍လည်း အကျိုးအမြတ်ရရှိနိုင်ကြောင်းသိရပါသည်။

DOCA(ပဲခူး)