Main menu

ဘားအံမြို့တွင် ရောင်းချနေသော အခြေခံစားကုန်များ၏ဈေးနှုန်းအခြေအနေ

Powered by Drupal

   ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ တတိယပတ်အတွင်း ဘားအံမြို့တွင် အခြေခံစားကုန်များဖြစ်သော သထုံပေါ်ဆန်းဆန် တစ်ပြည် ၅၂၀၀ ကျပ်၊ ဧည့်မထဆန် (မနောသုခ) တစ်ပြည် ၃၂၀၀ ကျပ်၊ ဆန်ကွဲ တစ်ပြည် ၂၅၀၀ ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ စားအုန်းဆီ(ယိုးဒယား) တစ်ပိဿာလျှင် ၇၃၀၀ ကျပ်၊ စားအုန်းဆီ(ရည်ညွှန်းဈေး) တစ်ပိဿာလျှင် ၅၆၀၀ ကျပ်၊ မြေပဲဆီတစ်ပိဿာလျှင် ၁၅၀၀၀ ကျပ်တို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပြီး ကြက်သွန်နီ တစ်ပိဿာလျှင် ၃၅၀၀ ကျပ်၊ ကြက်သွန်ဖြူ (ကြူကုတ်) တစ်ပိဿာလျှင် ၁၂၀၀၀ ကျပ်နှင့် ကြက်သွန်ဖြူ(ရှမ်းစ)ထူး ၄ တစ်ပိဿာလျှင် ၁၈၀၀၀ ကျပ်၊ အာလူး တစ်ပိဿာလျှင် ၃၂၀၀ ကျပ်၊ ဂျင်း တစ်ပိဿာလျှင် ၆၀၀၀ ကျပ်၊ ငရုပ်သီးခြောက် တစ်ပိဿာလျှင် ၁၄၀၀၀ ကျပ်၊ ပဲနီလေး တစ်ပိဿာလျှင် ၁၂၅၀၀ ကျပ်၊ ကုလားပဲခြမ်း တစ်ပိဿာလျှင် ၇၀၀၀ ကျပ်ဖြင့် အရောင်းအဝယ် ဖြစ်လျက်ရှိပါသည်။

   အသား/ငါး ဈေးနှုန်းများမှာ ဝက်သား တစ်ပိဿာလျှင် ၁၅၀၀၀ ကျပ်၊ အမဲသား တစ်ပိဿာ လျှင် ၁၅၀၀၀ ကျပ်၊ ဆိတ်သား တစ်ပိဿာလျှင် ၁၈၀၀၀ ကျပ်၊ ကြက်သား(CP) တစ်ပိဿာလျှင် ၁၀၅၀၀ ကျပ်၊ ချောင်းငါးကြင်း တစ်ပိဿာလျှင် ၂၀၀၀၀ ကျပ်၊ ငါးမြစ်ချင်း တစ်ပိဿာလျှင် ၈၀၀၀ ကျပ်၊ မွေးမြူရေးငါးခူ တစ်ပိဿာလျှင် ၇၀၀၀ ကျပ်၊ ပုစွန်(ဘော့ချိတ်) တစ်ပိဿာလျှင် ၂၂၀၀၀ ကျပ် ဖြင့် ငါးဈေးများမှာ ယခင်အပတ်အတိုင်းဈေးနှုန်းတည်ငြိမ်ပြီး အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရသည်။

    ကြက်ဥလက်လီဈေးနှုန်းမှာ ကြက်ဥ(ကြီး)တစ်လုံးလျှင် ၂၅၀ ကျပ်၊ ကြက်ဥ(သေး) တစ်လုံးလျှင် ၂၃၀ ကျပ်၊ ဘဲဥ(ကြီး) တစ်လုံးလျှင် ၃၈၀ ကျပ်၊ ဘဲဥ(သေး)တစ်လုံးလျှင် ၃၅၀ ကျပ်၊  ဟင်းသီးဟင်းရွက်ဈေးနှုန်းများမှာ ဂေါ်ဖီထုတ် ၁ ထုတ်လျှင် ၁၅၀၀ ကျပ်၊ ခရမ်းချဉ်သီး တစ်ပိဿာလျှင် ၂၀၀၀ ကျပ်၊ ပဲတောင့်ရှည်သီး တစ်စည်းလျှင် ၇၀၀ ကျပ်၊ ကန်စွန်းရွက် တစ်စည်းလျှင် ၂၅၀ ကျပ်၊ ချဉ်ပေါင်ရွက် တစ်စည်းလျှင် ၂၅၀ ကျပ်ဖြင့် အရောင်းအဝယ် ဖြစ်လျက်ရှိပါသည်။

DOCA(ကရင်)