Main menu

“သိမ်ဖြူဈေးတွင်ဖြစ်ပေါ်ခဲ့သော ကြက်သွန်ဖြူ/နီ လက်ကားဈေးနှုန်းများ”

Powered by Drupal

     ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ သိမ်ဖြူဈေးကြီးအတွင်းသို့ ကား၊ ရထားတို့ဖြင့် ကြက်သွန်ဖြူ၊ ကြက်သွန်နီများ ဘုရင့်နောင်ကုန်စည်ဒိုင်နှင့် ရှမ်းပြည်နယ်တို့မှ နေ့စဉ် ဝင်ရောက်လျက်ရှိပြီး လက်လီ/လက်ကားပြန်လည်ရောင်းချလျက်ရှိပါသည်။ ၂၀၂၄ခုနှစ်၊ ဇန်နဝါရီလ ဒုတိယပတ်တွင် ကြက်သွန်နီ (ဆိပ်ဖြူ) ၂၇၇၀၀ပိဿာဝင်ရောက်ခဲ့ပြီး ကြက်သွန်ဖြူ (ကြူကုတ်)မှာ ၆၃၅၀ပိဿာဝင်ရောက်ခဲ့ပါသည်။ လက်ကားဈေးနှုန်းများအနေဖြင့် ကြက်သွန်နီ(ဆိပ်ဖြူ) တစ်ပိဿာလျှင် ၂၆၀၀/-ကျပ်မှ ၄၀၀၀/-ကျပ်အထိဖြစ်ပေါ်လျက်ရှိပြီး ကြက်သွန်ဖြူ (ကြူကုတ်) တစ်ပိဿာလျှင် ၁၂၀၀၀/-ကျပ်မှ ၂၀၀၀၀/-ကျပ်ထိဖြစ်ပေါ်ခဲ့ပြီး ၂၀၂၄ခုနှစ်၊ ဇန်နဝါရီလ၊ တတိယပတ်တွင် ကြက်သွန်နီ (ဆိပ်ဖြူ) ၂၇၀၀၀ပိဿာရောက်ခဲ့ပြီး ကြက်သွန်ဖြူ (ကြူကုတ်)မှာ ၆၆၀၀ပိဿာဝင်ရောက်ခဲ့ပါသည်။ လက်ကားဈေးနှုန်းများအနေဖြင့် ကြက်သွန်နီ (ဆိပ်ဖြူ) ၁ပိဿာလျှင် ၁၃၀၀/-ကျပ် မှ ၃၅၀၀/-ကျပ်ထိဖြစ်ပေါ်လျက်ရှိပြီး ကြက်သွန်ဖြူ (ကြူကုတ်) ၁ပိဿာလျှင် ၁၆၀၀၀/-ကျပ်မှ ၂၀၀၀၀/-ကျပ်ထိဖြစ်ပေါ်ခဲ့ပြီး ဈေးကွက်အတွင်းသို့ ကြက်သွန်နီအသစ်များလည်းရောက်ရှိ၍ ဈေးနှုန်းအနည်းငယ်ကျဆင်းပြီး ကြက်သွန်ဖြူဈေးနှုန်းမှာမူ တည်ငြိမ်လျက်ရှိကြောင်းသိရှိရပါသည်။

DOCA(ရန်ကုန်)