Main menu

တောင်ငူမြို့နယ်၏ မိုးမြင့်ကမ္ဘာဝါးတူနှင့် အကင်တုတ်လုပ်ငန်း

Powered by Drupal

    စားသုံးသူရေးရာဦးစီးဌာန၊ တောင်ငူခရိုင်ဦးစီးမှူး ဦးမျိုးအောင်သည် ၂၀၂၄ခုနှစ်၊ ဇန်နဝါရီလ ၁၈ရက်နေ့၊ နံနက်ပိုင်းအချိန်တွင် တောင်ငူခရိုင်၊ စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ၊ ဦးနေဝင်းအောင်က တောင်ငူမြို့နယ်၊ ကေတုမတီမြို့ရှိ မိုးမြင့်ကမ္ဘာ ဝါးတူနှင့်အကင်တုတ်လုပ်ငန်းသို့ သွားရောက်လေ့လာရာတွင် လိုက်ပါဆောင်ရွက်ခဲ့ပါသည်။

      တောင်ငူခရိုင်၊ စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌသည် စားသုံးသူရေးရာဦးစီးဌာန၊ ခရိုင်ဦးစီးမှူး၊ တောင်ငူမြို့နယ်၊ စီမံခန့်ခွဲရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဉာဏ်လင်းအောင်တို့နှင့်အတူ မိုးမြင့်ကမ္ဘာ ဝါးတူနှင့် အကင်တုတ်လုပ်ငန်းခွင်အတွင်း ကုန်ကြမ်းမှ ကုန်ချောထုတ်လုပ်ပုံအဆင့်ဆင့်ကိုကြည့်ရှုလေ့လာခဲ့ရာ စက်ရုံပိုင်ရှင်က ဝါးထုတ်ပစ္စည်းများဖြစ်သဖြင့် စားသုံးသူများဘေးအန္တရာယ်ကင်းရှင်းစွာ အသုံးပြုနိုင်ရန် သန့်ရှင်းစွာထုတ်လုပ်ပုံများ၊ စနစ်တကျထုပ်ပိုး၍ ဈေးကွက်အတွင်း ဖြန့်ဖြူးရောင်းချနေမှုများကို လိုက်လံရှင်းလင်းပြသခဲ့ပါသည်။

       ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ်ထနှင့် စားသုံးသူရေးရာဦးစီးဌာန၊ ခရိုင်ဦးစီးမှူးတို့က ထုတ်လုပ်မှုကို စွမ်းအားပြည့်ဆောင်ရွက်နိုင်ရန်အတွက် စပါးခွံဓာတ်ငွေ့သုံး လျှပ်စစ်ဓာတ်အားပေးစက် (Gasifire Power Plant) တပ်ဆင်သုံးစွဲနိုင်ရေး၊ ထုပ်ပိုးမှုပုံစံများကို ယခုထက်ပိုမိုကောင်းမွန်အောင်ပြုလုပ်ခြင်း၊ ကုန်အညွှန်းအမှတ်အသားများပြည့်စုံစွာဖော်ပြခြင်းဖြင့် ဈေးကွက်ပိုမိုရရှိစေရေးတို့အတွက် အကြံပြုဆွေးနွေးညှိနှိုင်းခဲ့ပါသည်။

     မိုးမြင့်ကမ္ဘာမှထုတ်လုပ်သည့် ဝါးတူနှင့်အကင်တုတ်များကို ဒေသတွင်းရှိ စားသောက်ဆိုင်များနှင့် အကင်ဆိုင်များသို့ ရောင်းချဖြန့်ဖြူးသကဲ့သို့ ရန်ကုန်၊ နေပြည်တော်၊ မန္တလေးနှင့် တောင်ကြီးမြို့များသို့လည်း တင်ပို့ရောင်းချရကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)