Main menu

တောင်ငူမြို့တွင် ဘိလပ်မြေဈေးနှုန်းအနည်းငယ်မြင့်တက်နေပြီး ငါးမူးလုံးသံချောင်းဈေးငြိမ်

Powered by Drupal

    တောင်ငူမြို့တွင် ၂၀၂၃ခုနှစ်၊ ဒီဇင်ဘာလဆန်းပိုင်းတွင် ဘိလပ်မြေတစ်အိတ်ဈေးနှုန်းများမှာ ကြံ့နှစ်ကောင် (အနီ) ၈၅၀၀ကျပ်၊ ထိုင်းဆင် ၈၅၀၀ကျပ်၊ Alpha ၈၇၀၀ကျပ်၊ Apache ၈၃၀၀ကျပ်၊ Rhino ၈၂၀၀ကျပ်၊ Max ၈၅၀၀ကျပ်ရှိပါသည်။

      ယခု၂၀၂၄ခုနှစ်၊ ဇန်နဝါရီလဆန်းပိုင်းတွင် ဘိလပ်မြေတစ်အိတ်ဈေးနှုန်းများမှာ ကြံ့နှစ်ကောင် (အနီ) ၉၃၀၀ကျပ်၊ ထိုင်းဆင် ၉၃၀၀ကျပ်၊ Alpha ၉၁၀၀ကျပ်၊ Apache ၈၉၀၀ကျပ်၊ Rhino ၈၈၀၀ကျပ်၊ Max ၉၄၀၀ကျပ်ရှိပါသည်။

     သို့ဖြစ်ပါ၍ ကြံနှစ်ကောင်(အနီ)နှင့် ထိုင်းဆင်မှာ တစ်အိတ်လျှင် ၈၀၀ကျပ်၊  Alpha တစ်အိတ်လျှင် ၄၀၀ကျပ်၊ Apache နှင့် Rhino တစ်အိတ်လျှင် ၆၀၀ကျပ်နှင့် Max တစ်အိတ်လျှင် ၉၀၀ကျပ်ဖြင့် ဈေးနှုန်းမြင့်တက်လာခဲ့ပါသည်။

        ငါးမူးလုံးသံချောင်းမှာ တစ်တန်လျှင် ၁၅၀၀၀၀၀ကျပ်ဖြင့် ဈေးနှုန်းတည်ငြိမ်နေကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)