Main menu

မကွေးမြို့ပေါ်ရှိ အိမ်သုံးဆေးဝါးများ၏ စျေးနှုန်းအခြေအနေ

Powered by Drupal

    မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မကွေးမြို့ပေါ်ရှိဆေးဆိုင်များတွင် ဆောင်းရာသီကာလဖြစ်သောကြောင့် အိမ်သုံးဆေးဝါးများအနက် နှာစေးပျောက်ဆေးနှင့် ချောင်းဆိုးပျောက်ဆေးများမှာ ပိုမိုရောင်းချရကြောင်း ဆေးနှင့်ဆေးပစ္စည်းရောင်းချသူများထံမှသိရှိရပါသည်။

   ၂၀၂၄ခုနှစ်၊ ဇန်နဝါရီလ(တတိယပတ်)တွင် အရောင်းအဝယ်ဖြစ်ပေါ်နေသော အိမ်သုံးဆေးဝါးများမှာ Paracetamol Tablet 500 mg (၁၀)လုံးပါ (၁)ကတ်လျှင် ကျပ်(၃၀၀)၊ Asprin Tablet 80 mg(၂၀)လုံးပါ (၁)ကတ်လျှင် ကျပ်(၄၀၀)၊ Decolgin (၁၀)လုံးပါ (၁)ကတ်လျှင် ကျပ်(၁၅၀၀)၊ Biogesic (၁၀)လုံးပါ (၁)ကတ်လျှင် ကျပ်(၁၀၀၀)၊ Bermeton အလုံး(၁၀၀)ပါ(၁)ဘူးလျှင် ကျပ်(၁၆၀၀)၊ ချောင်းချိုးပျောက်ဆေးများဖြစ်သော Dextrometorphal Tablet 15mg (၁၀)လုံးပါ (၁)ကတ်လျှင် ကျပ်(၈၅၀)၊ Bromhexine HCL Tablet 8 mg (၁၀)လုံးပါ (၁)ကတ်လျှင် ကျပ်(၃၀၀)၊ Acetyluysteine (၁၀)လုံးပါ(၁)ကတ်လျှင် ကျပ်(၂၆၅၀)၊ Cough Syrup (၁)ဘူးလျှင် ကျပ်(၁၂၀၀)၊ နှာစေးပျောက်ဆေးများဖြစ်သော Cetirizine Tablet 10mg (၁၀)လုံးပါ (၁)ကတ်လျှင် ကျပ်(၁၅၀)၊ Levo Cetirizine Tablet 10mg (၁၀)လုံးပါ (၁)ကတ်လျှင် ကျပ်(၈၀၀) တို့ဖြင့် ရောင်းချလျက်ရှိပြီး နှာစေးပျောက်ဆေးများဖြစ်သော Cetrizine နှင့် Levo Cetrizine ဆေးများမှာ ပိုမိုအရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ဆေးဆိုင်များမှသိရှိရပါသည်။

DOCA(မကွေး)