အင်းစိန်မြို့နယ်အတွင်းရှိ ဆေးဆိုင်များသို့ ဈေးကွက်တင်သွင်းရောင်းချလျက်ရှိသော ဆေးဝါးများဖြစ်သည့် ဗီတာမင်ဓာတ်ဖြည့်အားဆေး၊ ရာသီတုပ်ကွေး၊ ကိုဗစ်-၁၉ ကာကွယ်/ ကုသရာတွင် အသုံးပြုသောဆေးဝါးများ၊ ထိုးဆေး၊ သောက်ဆေးအမျိုးမျိုး၊ Oxygen Concentrator Oximeter နှင့် အောက်ဆီဂျင်အိုးအမျိုးမျိုး အစရှိသော ဆေးနှင့်ဆေးဝါးဆက်စပ်ပစ္စည်းဈေးနှုန်းများကို အပတ်စဉ် ဈေးကွက်ပြတ်လပ်မှုရှိ/မရှိ ကွင်းဆင်းစစ်ဆေးစုံစမ်းလျက်ရှိပါသည်။ ယခုအခါ မြောက်ပိုင်းခရိုင်အတွင်းရှိ အင်းစိန်၊ တိုက်ကြီး၊ မှော်ဘီမြို့နယ်များသို့ ကွင်းဆင်းစစ်ဆေးရာတွင် ဖျားနာ၊ ချောင်းဆိုးခြင်းများအတွက် အခြေခံဆေးဝါးများဖြစ်သော Paracetamol, Biogesic, Decolgen စသည့် အဖျားပျောက်ဆေးမှာ ယခင်လနှင့်နှိုင်းယှဉ်လျှင် (၁၀)လုံးပါတစ်ကတ်လျှင် အများဆုံး (၁၀၀)ကျပ်ခန့်ဈေးနှုန်းမြင့်တက်လာပြီး ချောင်းဆိုးပျောက်ဆေးများဖြစ်သည့် Wood’s, Solmux, Bronchest ဆေးများမှာလည်း ပြတ်လပ်မှုမရှိဘဲ ယခင်အတိုင်း ရောင်းချလျက်ရှိကြောင်း ကွင်းဆင်းစစ်ဆေးမှုအရသိရှိရပါသည်။
DOCA(ရန်ကုန်)