သင်္ဃန်းကျွန်းခရိုင်၊ တာမွေမြို့နယ်၊ တာမွေဈေးအတွင်းရှိ ကိုအောင်မြင့်ဆေးဆိုင်နှင့် အောင်ဆေးဆိုင်၊ တာမွေဈေးရှေ့ရှိ ရွှေမန်းဆေးဆိုင်တို့အား ဈေးစည်ပင်သာယာရေးကော်မတီနှင့်အတူ စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဒေါ်အေးအေးမော်(ဒုကြီးကြပ်ရေးမှူး)နှင့် ဝန်ထမ်း ၃ဦးတို့သည် (၆-၂-၂၀၂၄) ရက်နေ့၊ နံနက် (၁၀:၃၀) နာရီအချိန်တွင် ဆေးဝါးနှင့်ဆေးပစ္စည်းများရောင်းချသည့် ဆေးဆိုင်များအား စစ်ဆေးခဲ့ကြောင်းသိရှိရပါသည်။
အဆိုပါဆေးဆိုင်များအတွင်းရှိ ဆေးဝါးနှင့်ဆေးပစ္စည်းများရောင်းချသည့် ဆေးဆိုင်များတွင် ဆေးဝါးပြတ်လပ်ခြင်းရှိ/မရှိနှင့် ဆေးဈေးနှုန်းများအဆမတန်မြှင့်တင်ရောင်းချ ခြင်းရှိ/မရှိတို့ကိုစစ်ဆေးခဲ့ရာ ဆေးဝါးပြတ်လပ်ခြင်းမရှိကြောင်း၊ ဆေးဈေးနှုန်းများအဆမတန်မြှင့်တင်ရောင်းချခြင်းမရှိဘဲ ပုံမှန်အတိုင်း ဖြန့်ဖြူးရောင်းချလျက်ရှိကြောင်း စိစစ်တွေ့ရှိခဲ့ပြီး စားသုံးသူကာကွယ်ရေးဥပဒေတွင် ပြဋ္ဌာန်းထားသည့် အခန်း (၁၈)၊ ပုဒ်မ ၄၁၊ ပုဒ်မခွဲ (ခ)နှင့်(ဆ)ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြရာတွင် မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာ ဘာသာနှင့် အခြားဘာသာတစ်ခု သို့မဟုတ် တစ်ခုထက်ပို၍တွဲလျက်ဖြစ်စေ ရေးသားဖော်ပြထားသော ကုန်စည်များကိုသာ လက်ခံရောင်းချရမည်ဖြစ်ကြောင်းနှင့် လိုက်နာမှုမရှိပါက ဥပဒေအရ အရေးယူခံရမည်ဖြစ်ကြောင်း အသိပညာပေးပြောကြားခဲ့မှုကိုသိရှိရပါသည်။
DOCA(ရန်ကုန်)