Main menu

ပခုက္ကူမြို့၏ ဘိလပ်‌မြေ၊ ဓာတ်မြေဩဇာနှင့် ပိုးသတ်ဆေးဈေးနှုန်းများ

Powered by Drupal

     မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့တွင် ယခုအချိန်၌ မိုးလေကင်းစင်၍ အဆောက်အဦများဆောက်လုပ်ကြသော အချိန်ဖြစ်သောကြောင့် ဖေဖေါ်ဝါရီလ(စတုတ္တပတ်)တွင် ယခင်လထက် ဈေးနှုန်းမြင့်တက်နေပြီး ကြံ့နှစ်ကောင်ဘိလပ်မြေတစ်အိတ်လျှင် ကျပ်(၉၅၀၀)၊ အယ်လဖာဘိလပ်မြေတစ်အိတ်လျှင် ကျပ်(၉၁၀၀)ဈေးနှုန်းဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်းသိရှိရပါသည်။

      ဇန်နဝါရီလ၊ ဖေဖေါ်ဝါရီလနှင့် မတ်လများသည် ပခုက္ကူဒေသထွက် အစေ့ထုတ်ပြောင်း၊ ပဲစင်းငုံ၊ ကုလားပဲ၊ ထောပတ်ပဲ၊ ဆောင်းပဲလွန်း၊ ပဲယင်း၊ စွန်တာနီ၊ စားတော်ပဲ၊ ဆောင်းမြေပဲ၊ ဆောင်းနှမ်း၊ ဆောင်းနေကြာ၊ ပန်းနှမ်း၊ အာလူး စသောသီးနှံများရိတ်သိမ်းချိန်ဖြစ်သောကြောင့် ဓာတ်မြေဩဇာဈေးနှုန်းမှာ ယခင်လဈေးအတိုင်း တည်ငြိမ်နေသည်ကိုတွေ့ရှိရပါသည်။

      အရောင်းအဝယ်ဖြစ်နေသော ဓာတ်မြေဩဇာဈေးနှုန်းများမှာ အာမိုယူရီးယား (50)kg တစ်အိတ်လျှင် ကျပ်(၉၇၀၀၀)၊ ဩဘာယူရီးယား(50)kg တစ်အိတ်လျှင် ကျပ်(၉၀၀၀၀)၊ ရွှေနဂါးယူရီးယားတစ်အိတ်လျှင် ကျပ်(၈၀၀၀၀)၊ တရုတ်တီစူပါသံကွင်း (50)kg တစ်အိတ်လျှင် ကျပ်(၁၂၂၀၀၀)၊ တရုတ်ပုလဲရွှေတောင် (50)kg  တစ်အိတ်လျှင် ကျပ်(၉၅၀၀၀)၊ မြန်မာဩဘာရွှေကောမက် (50)kg တစ်အိတ်လျှင် ကျပ်(၁၂၅၀၀၀)၊ အာမို ကွန်ပေါင်း (50)kg တစ်အိတ်လျှင် ကျပ်(၁၆၅၀၀၀)၊ ဩဘာ ကွန်ပေါင်း (50)kg တစ်အိတ်လျှင် ကျပ်(၁၅၇၀၀၀)၊ ကောမက်ကွန်ပေါင်း ၁၅း၁၅း၁၅ (50kg) တစ်အိတ်လျှင် ကျပ်(၁၅၇၀၀၀)၊ တရုတ်အာမို ၁၆း၁၆း၁၆ (50kg) တစ်အိတ်လျှင် ကျပ် (၁၄၅၀၀၀)ဖြင့် ဈေးနှုန်းတည်ငြိမ်နေသည်ကိုတွေ့ရှိရပါသည်။

    သီးနှံစိုက်ပျိုးချိန်နှင့် ရိတ်သိမ်းချိန်များတွင် ပိုးမကျအောင် လုပ်ဆောင်ရသောကြောင့် ယခုဖေဖေါ်ဝါရီလ(စတုတ္ထပတ်)တွင်  ဈေးနှုန်းမြင့်တက်လာသည်ကို တွေ့ရသည်။ အာမိုမက်နီဖော့(500)cc တစ်ဘူးလျှင် ကျပ်(၂၉၀၀၀)၊ အာမိုစတား (၁)လီတာတစ်ဘူးလျှင် ကျပ်(၅၀၀၀၀)၊ အာမိုအီမာ(၁) လီတာဘူးတစ်ဘူးလျှင် ကျပ်(၄၁၀၀၀)၊ ဂျက်ကက် မင်းမဟော်(၁၀၀)cc တစ်ဘူးလျှင် ကျပ်(၁၀၅၀၀)၊ ဩဘာပို့စ်(၂၅၀)cc ဘူးတစ်ဘူးလျှင် ကျပ်(၁၁၈၀၀)၊ ဩဘာအဆီဖိတ် (500)g တစ်ထုပ်လျှင် ကျပ်(၂၂၀၀၀)၊ ဩဘာငှက်ကြီးတောင် (၁၀၀)cc တစ်ဘူးလျှင် ကျပ်(၁၈၀၀၀)၊ ဩဘာငှက်ကြီးတောင်(၂၅၀)cc တစ်ဘူးလျှင် ကျပ်(၄၃၀၀၀)၊ မင်းမဟော်ဖော်ယူဘိုး (500)cc တစ်ဘူးလျှင် ကျပ် (၃၃၀၀၀)၊ မင်းမဟော်ဖော်ယူဘိုး (250)cc တစ်ဘူးလျှင် ကျပ်(၁၈၀၀၀) အသီးသီးရှိပြီး ပိုးသတ်ဆေးများမှာ ပို၍အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်းသိရှိရပါသည်။

      ယခင်လဈေးနှုန်းများနှင့်နှိုင်းယှဉ်လျှင် ယခုဖေဖေါ်ဝါရီလ(စတုတ္ထပတ်)တွင် ပိုးသတ်ဆေးဈေးနှုန်းများမြင့်တက်လာခြင်းမှာ သီးနှံလှိုင်လှိုင်ပေါ်ချိန်ဖြစ်ခြင်း၊ ကုန်သည်လုပ်ငန်းရှင်များသည် သီးနှံများဝယ်ယူသိုလှောင်ရာတွင် ပိုးမကျစေရန် ထိန်းသိမ်းရခြင်းတို့ကြောင့် ဈေးနှုန်းမြင့်တက်လာခြင်းဖြစ်ကြောင်းသိရှိရပါသည်။

DOCA(မကွေး)