Main menu

ဆိပ်ဖြူမြို့၏ စက်သုံးဆီဈေးနှုန်းများ

Powered by Drupal

     မြန်မာနိုင်ငံစက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီအနေဖြင့် တိုင်းဒေသကြီး/ ပြည်နယ်အလိုက် မြို့ကြီးများ၏ စက်သုံးဆီရည်ညွှန်းလက်ကားဈေးနှုန်းများကို နေ့စဉ်ထုတ်ပြန်ပေးလျက်ရှိရာ မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ဆိပ်ဖြူမြို့တွင် စက်သုံးဆီအရောင်းဆိုင် (၁၁)ဆိုင်ပုံမှန်ဖွင့်လှစ်ရောင်းချလျက်ရှိပြီး ၂၀၂၄ခုနှစ်၊ မတ်လ(ပထမပတ်) စက်သုံးဆီဈေးနှုန်းများမှာ ဓာတ်ဆီ (92) တစ်လီတာလျှင် ကျပ်(၂၇၂၅)၊ ဓာတ်ဆီ (95) တစ်လီတာလျှင် ကျပ်(၂၈၃၅)၊ ဒီဇယ်ရိုးရိုးတစ်လီတာလျှင် ကျပ်(၂၄၈၀)၊ ဒီဇယ်ပရီမီယမ်တစ်လီတာလျှင် ကျပ်(၂၅၂၅)ဖြင့် ရောင်းချလျက်ရှိကြောင်းသိရှိရပါသည်။

       ၂၀၂၄ခုနှစ်၊ ဖေဖော်ဝါရီလ (စတုတ္ထပတ်)တွင် စက်သုံးဆီဈေးနှုန်းများမှာ ဓာတ်ဆီ (92) တစ်လီတာလျှင် ကျပ်(၂၈၁၅)၊ ဓာတ်ဆီ (95) တစ်လီတာလျှင် ကျပ်(၂၉၃၅)၊ ဒီဇယ်ရိုးရိုးတစ်လီတာလျှင် ကျပ်(၂၆၁၀)၊ ဒီဇယ်ပရီမီယမ်တစ်လီတာလျှင် ကျပ်(၂၆၅၅)ဖြင့် ရောင်းချလျက်ရှိသောကြောင့် ယခင်အပတ်နှင့်နှိုင်းယှဉ်ပါက ဓာတ်ဆီ (92) တစ်လီတာလျှင် ကျပ်(၉၀)၊ ဓာတ်ဆီ (95) တစ်လီတာလျှင် ကျပ်(၁၀၀)၊ ဒီဇယ်ရိုးရိုးတစ်လီတာလျှင် ကျပ်(၁၃၀)၊ ဒီဇယ်ပရီမီယမ်တစ်လီတာလျှင် ကျပ် (၁၃၀)ဖြင့် ဈေးနှုန်းအသီးသီးကျဆင်းခဲ့ကြောင်း စက်သုံးဆီအရောင်းဆိုင်များမှသိရှိရပါသည်။

DOCA(မကွေး)