Main menu

သီရိမင်္ဂလာဈေးရှိ သစ်သီးဝလံဈေးနှုန်းများ

Powered by Drupal

                ရန်ကုန်တိုင်းဒေသကြီး လှိုင်မြို့နယ် သီရိမင်္ဂလာဈေးတွင် ဖေဖော်ဝါရီ (၈) ရက်နေ့မှ (၁၄)ရက်နေ့အထိ ဖြစ်ပေါ်ခဲ့သော သစ်သီးဝလံဈေးနှုန်းများမှာခရမ်း ဖရဲ(885) အကြီးတစ်လုံးကျပ် ၅၀၀၀၊ အလတ်ကျပ် ၄၀၀၀၊ အသေးကျပ် ၃၅၀၀၊ ဘီးလင်းမှ ဖရဲ(211) အကြီးတစ်လုံးကျပ် ၂၀၀၀ ၊ အလတ် ကျပ် ၁၅၀၀၊ အသေး ကျပ် ၈၀၀ နှင့် မှော်ဘီ၊ တိုက်ကြီးမှ မာလကာသီး (ကီလို) အကြီးတစ်လုံး ကျပ် ၄၀၀၊ အလတ် ကျပ် ၃၀၀၊ အသေး ကျပ် ၂၀၀ တို့ရှိကြောင်းသိရသည်။

                အောင်ပန်းမှ လိမ္မော်သီး ၁ ပိဿာ ကျပ် ၃၀၀၀၊ ပဲခူး(ဘုရားကြီး) မှ စိမ်းစားဥ အလုံးကြီးတစ်တွဲ ကျပ် ၅၅၀၊ ပြင်ဦးလွင်မှ စတော်ဘယ်ရီ ၅ ပိဿာတစ်ခြင်း ကျပ် ၃၀၀၀၀ နှင့် (၁၈ကျပ်သားဗူး) ကျပ်၁၀၀၀ဈေးတို့ရှိကြောင်းနှင့် သီပေါမှ နာနတ်သီးအကြီး ကျပ်၈၀၀၊ အလတ် ကျပ် ၆၀၀၊ အသေးကျပ် ၅၀၀၊ စလေ(ဆင်ဖြူကျွန်း)မှ ဇီးသီး(အစေ့လွတ်) တစ်ခြင်း အလုံးကြီးကျပ် ၇၀၀၀၊ အလတ်ကျပ် ၆၅၀၀ ဈေးတို့ရှိကြောင်း သီရိမင်္ဂလာဈေးရှိ မြန်မာနိုင်ငံ သစ်သီးဝလံပန်းမန်ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်း (MFVP) မှ သိရှိရပါသည်။

DOCA(ရန်ကုန်)