ဖြေရှင်းဆောင်ရွက်မှုအခြေအနေ။ တိုင်ကြားမှုနှင့်ပတ်သက်၍ ဌာနမှတာဝန်ရှိသူများကစိစစ်ရာတွင် ဖြစ်စဉ်မှာ စားသုံးသူကာကွယ်ရေးဥပဒေနှင့် သက်ဆိုင်ခြင်းမရှိသော ပြစ်မှုဆိုင်ရာ ပစ္စည်းဖောက် ထွင်းမှုဖြစ်ခြင်း၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၏ စားသုံးသူတိုင်ကြားမှုများနှင့်စပ်လျဉ်း၍ လက်ခံဖြေရှင်းဆောင်ရွက်မှုနှင့် အရေးယူမှုဆိုင်ရာ ညွှန်ကြားချက်အမှတ် (၂/၂၀၂၂) အပိုဒ် ၃၉ အရ စားသုံးသူကာကွယ်ရေးဥပဒေနှင့် သက်ဆိုင်ခြင်းမရှိသော အခြားပြစ်မှုတစ်ရပ်ရပ်ဖြင့် ငြိစွန်းနေသဖြင့် တိုင်ကြားမှုအား မြန်မာနိုင်ငံရဲတပ်ဖွဲ့သို့ စနစ်တကျ လွှဲပြောင်းပေးခဲ့ပြီး အမှုနှင့်စပ်လျဉ်း၍ ဆောင်ရွက်ထားရှိမှုအခြေအနေအား ပြန်ကြားပေးနိုင်ပါရန် မိတ္ထီလာမြို့နယ်ရဲတပ်ဖွဲ့မှူးရုံးသို့ ညှိနှိုင်းအကြောင်းကြားခဲ့ရာ စစ်ဆေးမေးမြန်းခြင်းများ ဆောင်ရွက်နေကြောင်းနှင့် တရားခံအားဖမ်းဆီးရမိပါက ဥပဒေနှင့်အညီတရားစွဲဆိုတင်ပို့သွားမည်ဖြစ်ပါကြောင်း အကြောင်းပြန်ကြားလာသည့်အတွက် ညွှန်ကြားချက်အမှတ်(၂/၂၀၂၂) အပိုဒ် ၃၉ အရ အမှုတွဲအား စနစ်တကျလွှဲပြောင်းပေးခဲ့ပြီးဖြစ်ပါသောကြောင့် တိုင်ကြားမှုကို စားသုံးသူကာကွယ်ရေးဥပဒေအရ အခြားဝန်ကြီးဌာနသို့ လွှဲပြောင်းပေးအပ်ခြင်းနည်းလမ်းဖြင့် ဖြေရှင်းဆောင်ရွက်ခဲ့ပါသည်။
စတိုးဆိုင်၏ လုံခြုံရေးဝန်ဆောင်မှုနှင့်ပတ်သက်၍ တိုင်ကြားလာခြင်းအပေါ် ဖြေရှင်းပေးမှု အခြေအနေ
Powered by Drupal