Main menu

ကြက်ဟင်းခါးသီး (အလုံးသေး)များ ဈေးအနည်းငယ်ပြန်တက်

Powered by Drupal

     နတ်တလင်းခရိုင်၊ နတ်တလင်းမြို့နယ်အတွင်းရှိ ကျေးရွာများတွင် မိုးရာသီဟင်းသီး၊ ဟင်းရွက်မျိုးစုံကို စိုက်ပျိုးလျက်ရှိရာ ထိုင်ဝမ်မျိုးကြက်ဟင်းခါးသီး (အလုံးသေး)များကိုလည်း စိုက်ပျိုးထုတ်လုပ်လျက်ရှိပြီး ဒေသအတွင်းရှိ မြို့နယ်များနှင့် ရန်ကုန်မြိုသို့ တင်ပို့ရောင်းချလျက် ရှိကြောင်းသိရှိရပါသည်။

       ကြက်ဟင်းခါးသီး (အလုံးသေး)များကို ဧပြီလနှင့် မေလတွင် စတင်စိုက်ပျိုးပြီး ဇွန်လတွင် စတင်ထွက်ရှိပါသည်။ စတင်ထွက်ရှိသည့် ဇွန်လတွင် ပေါ်ကာစ ကြက်ဟင်းခါးသီး(အလုံးသေး) တစ်ပိဿာလျှင်  (၂၀၀၀)ကျပ်ဖြင့် ဈေးကောင်းရရှိခဲ့ပြီး လှိုင်လှိုင်ထွက်ရှိချိန် ဇူလိုင်လအတွင်းတွင် ကြက်ဟင်းခါးသီး(အလုံးသေး) တစ်ပိဿာလျှင်  (၅၀၀)ကျပ်ပေါက်ဈေးသာ ရှိသဖြင့်ဈေးနှုန်း ကျဆင်းခဲ့ရာမှ ယခု ၂၀၂၄ခုနှစ်၊ ဩဂုတ်လအတွင်းတွင်  ကြက်ဟင်းခါးသီး(အလုံးသေး) တစ်ပိဿာ (၇၀၀)ကျပ်နှုန်းပေါက်သဖြင့် ဈေးနှုန်းအနည်းငယ်ပြန်တက်ကြောင်း သိရှိရပါသည်။

 DOCA(ပဲခူး)