Main menu

မကွေးဈေးကွက်တွင် နှမ်းဈေးနှုန်းများဆက်လက်ကျဆင်း

Powered by Drupal

       မကွေးတိုင်းဒေသကြီး၊ မကွေးဈေးကွက်သို့ မြို့နယ်အတွင်းရှိ မိကျောင်းရဲ၊ လျောင်းတော်ဦး၊ ကံသစ်၊ ရွာဟောင်းကန်၊ ပုထိုးစမ်း၊ ကန်ပြား၊ သစ်ရာကောက် စသည့်ကျေးရွာများနှင့် စလင်း၊ ဆင်ဖြူကျွန်း၊ နတ်မောက်မြို့တို့မှထွက်ရှိသော နှမ်းမျိုးစုံနှင့် အခြားပဲမျိုးစုံများ ဝင်ရောက်ရောင်းဝယ်ဖောက်ကားလျက်ရှိပါသည်။

       ၂၀၂၄ခုနှစ်၊ စက်တင်ဘာလ(ပထမပတ်)တွင် နှမ်းနီ(၁)တင်းလျှင် ကျပ်(၁၂၆၀၀၀)၊ နှမ်းဖြူ(၁) တင်းလျှင် ကျပ်(၁၄၀၀၀၀)၊ ဂျပန်နှမ်းဖြူ (၁)တင်းလျှင် (၁၆၀၀၀၀)၊ နှမ်းနက်(စမုံ) (၁)တင်းလျှင် ကျပ်(၂၂၀၀၀၀)၊ နှမ်းညိုကြား(၁)တင်းလျှင် ကျပ်(၁၁၂၀၀၀)ဖြစ်ပြီး ဩဂုတ်လ(စတုတ္ထပတ်)နှင့်နှိုင်းယှဉ်ပါက ယခုအပတ်တွင်  နှမ်းနီ ကျပ်(၉၀၀၀)၊ နှမ်းဖြူ ကျပ်(၅၀၀၀)၊ နှမ်းညိုကြား ကျပ်(၁၈၀၀၀) ဈေးနှုန်းကျဆင်းခဲ့ကြောင်း၊ တင်ပို့မှုအနေဖြင့် တစ်ပတ်အတွင်း မန္တလေးမြို့သို့ အိတ်ရေ(၈၃၅၀၀)၊ ရန်ကုန်မြို့သို့ အိတ်ရေ(၂၀၀)တင်ပို့ခဲ့ပြီး တန်ချိန်(၁၁၅၀) အရောင်းအဝယ်ဖြစ်ခဲ့ကြောင်းသိရှိရပါသည်။

DOCA(မကွေး)