Main menu

ဗီယက်နမ်၏ ထောက်ပံ့ပို့ဆောင်ရေးပြောင်းလဲခြင်းက EU သို့ တင်ပို့မှုအရှိန်မြှင့်တင်ရန် ကူညီ

Powered by Drupal

         ဗီယက်နမ်-ဥရောပသမဂ္ဂ (EU) လွတ်လပ်သော ကုန်သွယ်ရေးသဘောတူညီချက် (ECFTA) မှ အခွင့်အလမ်းများကို အသုံးချခြင်းနှင့် ဥရောပသမဂ္ဂ (EU) ဈေးကွက်သို့ ဗီယက်နမ်၏ တင်ပို့မှုကိုပံ့ပိုးပေးရန် ထောက်ပံ့ပို့ဆောင်ရေးလုပ်ငန်းတွင် အပြောင်းအလဲအပေါ်  ဖိုရမ်ကို ဗီယက်နမ်စက်မှုနှင့် ကုန်သွယ်ရေးဝန်ကြီးဌာန (MoIT) အောက်ရှိ ဥရောပ-အမေရိကန် ဈေးကွက်ဦးစီးဌာနက ဟိုချီမင်းမြို့တွင် စက်တင်ဘာလ ၂၃ရက်နေ့က ကျင်းပပြုလုပ်ခဲ့ပါသည်။ ဌာန၏ ဒုတိယအထွေထွေညွှန်ကြားရေးမှူးဖြစ်သူ Nguyen THao Hien က ၂၀၂၄ခုနှစ်သည် EVFTA သက်ရောက်မှုရှိသည့် ၄နှစ်မြောက်ဖြစ်ကြောင်းပြောကြားခဲ့ပါသည်။ Covid 19 သက်ရောက်မှုနှင့် ပထဝီနိုင်ငံရေးပဋိပက္ခများရှိနေသော်လည်း သဘောတူညီချက်သည် ဗီယက်နမ်နှင့် EU အပြန်အလှန်ကုန်သွယ်ရေးပူးပေါင်းမှုတွင် ကြီးထွားမှုအဟုန်ကို ဆက်လက်ထိန်းသိမ်းရန် ကူညီပေးခဲ့ကြောင်းသိရပါသည်။ ၂၀၂၄ခုနှစ်၏ ပထမ ၈လတွင် ဗီယက်နမ်နှင့် EU ကြား အပြန်အလှန်ကုန်သွယ်မှု တန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၄၅ဘီလီယံရှိခဲ့ပြီး လွန်ခဲ့သည့်နှစ်၏ တူညီသည့်ကာလထက် ၁၅.၈% မြင့်တက်ခဲ့ကြောင်းသိရပါသည်။ ဗီယက်နမ်က EU သို့တင်ပို့မှုမှာ အမေရိကန်ဒေါ်လာ ၃၄.၁ဘီလီယံရှိခဲ့ပြီး လွန်ခဲ့သည့်နှစ်၏ တူညီသည့်ကာလထက် ၁၇.၄% မြင့်တက်ခဲ့ကြောင်းသိရပါသည်။ Hien က ထိုကိန်းဂဏန်းပမာဏသည် EU တွင် စီးပွားရေးနာလံထူလာမှုနှင့် ဗီယက်နမ်၏ ထောက်ပံ့ပို့ဆောင်ရေးကဏ္ဍနှင့် ၎င်းတို့၏ မိတ်ဖက်များ၏ ပူးပေါင်းပါဝင်မှုအပါအဝင် ဗီယက်နမ်စီးပွားရေးလုပ်ငန်းများက EVFTA က ယူဆောင်လာသည့် အခွင့်အလမ်းများကို အလိုက်သင့် အသုံးချနိုင်ခြင်းကို ရောင်ပြန်ဟပ်ကြောင်းပြောကြားခဲ့ပါသည်။ သို့သော် ဈေးကွက်ခန့်မှန်းရခက်ခဲခြင်း၊ EU တွင် စားသုံးသူဝယ်လိုအား နာလံထူလာမှုအားမကောင်းသေးခြင်းနှင့် လက်ရှိဖြစ်ပေါ်နေသော များစွာသောဒေသများတွင် နိုင်င့ရေးနှင့် စစ်ရေးပဋိပက္ခများလျော့နည်းရန် လက္ခဏာမတွေ့ရခြင်း စသည်တို့ကြောင့် ဗီယက်နမ်နှင့် EU ကြားပို့ကုန်-သွင်းကုန် ဆောင်ရွက်မှုများမှာ များစွာသော စိန်ခေါ်မှုများနှင့်ရင်ဆိုင်နေရကြောင်းသိရပါသည်။ ထို့ပြင် တင်ပို့ရာဈေးကွကများ (အထူးသဖြင့် EU) တွင် ကုန်ထုတ်လုပ်ခြင်းနှင့် ကုန်ပစ္စည်းသယ်ယူပို့ဆောင်ခြင်းတို့ပါဝင်သည့် တန်ဖိုးကွင်းဆက်တွင် စိမ်းလန်းခြင်းလိုအပ်ချက်မြင့်တက်လာကြောင်းသိရပါသည်။ ကုန်ထုတ်လုပ်သည့် စီးပွားရေးလုပ်ငန်းများ၏ အားထုတ်မှုနှင့်အတူ တင်ပို့နိုင်စွမ်းကို အရှိန်မြှင့်တင်ရန်အတွက် ဗီယက်နမ်၏ ထောက်ပံ့ပို့ဆောင်ရေးကဏ္ဍသည် အခြေခံအဆောက်အအုံ၊ လုပ်ငန်းလည်ပတ်နိုင်စွမ်းရည် ဆက်လက်ယှဉ်ပြိုင်နိုင်စွမ်းရှိနေရန် ကုန်ကျစရိတ်များလျှော့ချခြင်းတို့တွင် ဆက်လက်တိုးတက်ရန်လိုအပ်ကြောင်းသိရပါသည်။ ကုန်သွယ်ရေးစစ်ပွဲများနှင့် Covid-19 ကပ်ရောဂါတို့က ကုန်ထုတ်လုပ်သူများအား ၎င်းတို့၏သယ်ယူပို့ဆောင်ကွန်ယက်များကိုကွဲပြားစေခဲ့ပြီး ထိုအချက်များကြောင့် ဗီယက်နမ်သည် အာဆီယံတွင် ထိပ်တန်းကုန်ထုတ်လုပ်ရာအချက်အချာအဖြစ် ပေါ်ထွက်လာခဲ့ကြောင်းသိရပါသည်။ ဒေသတွင်းတန်ဖိုးကွင်းဆက်ချိတ်ဆက်မှုနှင့် နည်းပါးသော လုပ်သားခစရိတ်တို့ကြောင့် ဗီယက်နမ်သည် များစွာသော နိုင်ငံပေါင်းစုံမှ ကုမ္ပဏီများအတွက် တင်ပို့ရာအခြေစိုက်အဖြစ် ပြောင်းလဲခဲ့ကြောင်းသိရပါသည်။ ထိုအချက်သည် ဗီယက်နမ်ထောက်ပံ့ ပို့ဆောင်ရေးကဏ္ဍဖွံ့ဖြိုးတိုးတက်မှုမြှင့်တင်ရန် အခြေခံအုတ်မြစ်ဖြစ်ခဲ့ပြီး Cargo သယ်ယူပို့ဆောင်ရေးဖြင့် တင်ပို့လိုအားကို ဖြည့်ဆည်းပေးနိုင်စေခဲ့ကြောင်းသိရပါသည်။ အကြီးတန်း ရေကြောင်း စီးပွားရေးပါရဂူဖြစ်သူ Carlos Zepeda က ကုန်ထုတ်လုပ်မှုကြီးထွားလာခြင်းနှင့် ကုန်ထုတ်လုပ်ရန်အတွက် ကုန်ကြမ်းပစ္စည်းဝယ်လိုအားတို့သည် ဗီယက်နမ်၏ ရေကြောင်း ကုန်သွယ်ရေးကို မောင်းနှင်နေသည်မှာ လွန်ခဲ့သည့်နှစ် ၂၀ကတည်းကဖြစ်ကြောင်းနှင့် ဗီယက်နမ်သည် ဥရောပသို့ စားသုံးကုန်ပစ္စည်းနှင့် ဖက်ရှင်အဓိကပံ့ပိုးသူဖြစ်ကြောင်းပြောကြားခဲ့ပါသည်။ ဗီယက်နမ်သည် ဥရောပသို့ တန်ဖိုးမြင့်ထုတ်ကုန်များကို အဓိကပံ့ပိုးသူဖြစ်ပြီး နည်းပညာမြင့် ကုန်ပစ္စည်းများတွင် တရုတ်နှင့် အမေရိကန်ပြီးနောက် တတိယအကြီးမားဆုံး ပံ့ပိုးသူဖြစ်ကြောင်းသိရပါသည်။ ဗီယက်နမ်နှင့် ဥရောပအကားကွန်တိန်နာဖြင့် ကုန်သွယ်မှုသည် ၂၀၅၀ပြည့်နှစ်တွင် ၂ဆအထိရှိလာမည်ဟု ခန့်မှန်းရကြောင်းသိရပါသည်။ ဗီယက်နမ်သည် ထောက်ပံ့ပို့ဆောင်ရေး ကုန်ကျစရိတ်များလျှော့ချရန်နှင့် စွမ်းဆောင်ရည်မြှင့်တင်ရန်အတွက် ကြီးမားသောဆိပ်ကမ်းများအား စက်မှုဇုန်များနှင့် ပေါင်းစပ်ခြင်းအားဖြင့် အခြေခံအဆောက်အအုံတိုးတက်ရန် ကြိုးပမ်းအားထုတ်ရန်လိုအပ်ကြောင်းသိရပါသည်။ ဗီယက်နမ်သည် လတ်တလောတွင် EU ၏ ၁၆ခုမြောက် အကြီးဆုံးကုန်သွယ်ရေးမိတ်ဖက်နှင့် ဥရောပ၏ ၅ခုမြောက် အကြီးဆုံးတင်သွင်းသူဖြစ်ကြောင်းသိရပါသည်။ ၎င်းတို့၏ EU သို့ အဓိကတင်ပို့ကုန် များမှာ ဖုန်းများ၊ အီလက်ထရောနစ်ထုတ်ကုန်များ၊ ခြေအိတ်၊ စက်ယန္တယားများနှင့် အထည်အလိပ်တို့ဖြစ်ကြောင်းသိရပါသည်။

Source: Vietnam Plus      

DOCA(ရန်ကုန်)