Leave a message

Main menu

အင်းလေးသို့လာရောက်လည်ပတ်သူများဖြင့် ပြန်လည်အသက်ဝင်နေ

Powered by Drupal

          အင်းလေးသည် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊‌ ညောင်ရွှေမြို့နယ်၏ တောင်မြောက်သွယ်တန်းလျက်ရှိသော တောင်တန်းကြီးနှစ်ခုကြားတွင်ရှိပြီး ညောင်ရွှေချိုင့်ဝှမ်း တွင်တည်ရှိကြောင်းသိရှိရပါသည်။

       ၂၀၂၄ခုနှစ်၊ မိုးရာသီတွင် အင်းလေးကန်သည် မုန်တိုင်းများကြောင့် မိုးအဆမတန်ရွာသွန်းခဲ့သဖြင့် ယခင်နှစ်များထက် ရေအဆမတန်မြင့်တက်လာပြီး အင်းလေးဒေသရှိ ကျေးရွာပေါင်း(၂၀၀) ကျော်မှာ မကြုံစဖူးရေလွှမ်းမိုးခြင်းခံရကြောင်းသိရှိရပါသည်။

        ယခုအခါရေများပြန်လည်ကျဆင်းသွားပြီး အင်းလေးကန်အား ပြန်လည်ပြုပြင်မွမ်းမံလျက်ရှိကာ လာရောက်လည်ပတ်သူများ၊ ဈေးရောင်းချသူတို့နှင့် တစ်ဖန်ပြန်လည်စည်ကားနေကြောင်းသိရှိရပါသည်။

           အင်းလေးကန်ရှိ တန်ခိုးကြီးဖောင်တော်ဦးဘုရားမှာလည်း လာရောက်ဖူးမြှော်သူများဖြင့် စည်ကားနေကြောင်းသိရှိရပါသည်။

DOCA(ရှမ်း)

a