Main menu

ပြည်နှမ်းနှင့် အာလူးစျေးငြိမ်

Powered by Drupal

       သင်္ကြန်ပြီးစအချိန်ဖြစ်၍ ပြည်စျေးကွက်သို့ နှမ်းသီးနှံများ ဝင်ရောက်မှုမရှိဘဲ လက်ကျန်လှောင်နှမ်းများဖြင့်သာ အရောင်းအဝယ်ဖြစ်လျှက်ရှိပါသည်။ နှမ်းနီကို မြို့တွင်း ဆီစက်များက အဝယ်ရှိပြီး နှမ်းနက်နှင့် စမုံနက် နှမ်းကို မန္တလေးဝယ်လက်များက အဝယ်ရှိသည့်အတွက် ပုံမှန်အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ နှမ်းသီးနှံမှာ အရောင်းအဝယ်ပုံမှန် ဖြစ်လျက်ရှိသလို စျေးနှုန်းမှာလည်း သင်္ကြန်မတိုင်မီ စျေးအတိုင်း ငြိမ်နေသည်ဟု သိရပါသည်။ နှမ်းစျေးများမှာ ယခင်စျေးအတိုင်း နှမ်းနီ (၃)တင်း တစ်အိတ်လျှင် ၁၅၀၀၀၀ ကျပ် ၊ နှမ်းနက် (၃)တင်း တစ်အိတ်လျှင် ၁၈၀၀၀၀ကျပ်နှင့် စမုံနက်နှမ်း (၃)တင်း တစ်အိတ်လျှင် ၂၀၀၀၀၀ ကျပ်စျေးဖြင့် တစ်နေ့လျှင် အိတ် ၃၀၀/၄၀၀ ခန့် အရောင်းအဝယ်ဖြစ်ကြောင်း သိရှိရပါသည်။

           နှမ်းသီးနှံနည်းတူ အာလူးသည်လည်း စျေးငြိမ်လျက်ရှိပါသည် ။ ရှမ်းပြည်နယ်အောင်ပန်းမှ ရှမ်းအာလူးနှင့် မန္တလေးမှ တရုတ်အာလူးများ ပြည်စျေးကွက်သို့ ရက်ခြားအဝင်ရှိပြီး တစ်ပတ်လျှင် အိတ် ၁၅၀မှ ၃၀၀ အတွင်း အဝင်ရှိသည့်အတွက် အရောင်းအဝယ်ဖြစ်မှုမှာ သင်္ကြန်မတိုင်ခင်ကာလများက အလှူများရှိ၍  အရောင်းသွက်ခဲ့ပြီး ယခုရက်ပိုင်းတွင် ဒေသတွင်းလုပ်ငန်းရှင်များနှင့်  လက်လီသမားများ အဝယ်ရှိသည့်အတွက် အရောင်းအဝယ်ပုံမှန် ဖြစ်လျက်ရှိပါသည်။ စျေးကွက်အတွင်း ပစ္စည်းပြတ်လပ်မှုမရှိခြင်းကြောင့် ရှမ်းအာလူးစျေးနှုန်းမှာ ယခုအပတ် လက်ကားစျေး တစ်ပိဿာလျှင် ကျပ် ၁၅၀၀-၁၈၀၀ ၊ လက်လီစျေး ကျပ် ၂၂၀၀-၂၄၀၀ စျေးဖြစ်ပြီး တရုတ်အာလူးမှာ တစ်ပိဿာလျှင် လက်ကားစျေး ကျပ် ၁၈၀၀ ၊ လက်လီစျေး ကျပ် ၂၀၀၀ဖြစ်၍ စျေးငြိမ်လျက်ရှိကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)