![](http://www.doca.gov.mm/sites/default/files/styles/consumer_inner_image__847x424_/public/329_0.png?itok=3Zjq4HlZ)
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်အတွင်းရှိ ကျေးလက်နေတောင်သူများသည် စပါး၊ ပဲ၊ပြောင်း၊နှမ်းစသည် သီးနှံများစိုက်ပျိုးသည့်အပြင် ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံများကို လည်းနှစ်စဉ်ရာသီအလိုက်စိုက်ပျိုးကြပါသည်။ ၎င်းသီးနှံများအနက် စျေးကွက်ဝယ်လိုအားရှိသော ရုံးပတီသီးသီးနှံကိုလည်း တစ်ပိုင်တစ်နိုင်စိုက်ပျိုးရာမှ စီးပွားဖြစ်စိုက်ပျိုးလာကြပါသည်။ ရုံးပတီပင်သည် ရာသီမရွေးစိုက်ပျိုးနိုင်ပြီး ဝင်ငွေရလွယ်သော သီးနှံတစ်မျိုးဖြစ်သည့်အတွက် တောင်သူများတွက်ချေကိုက်၍ စိုက်ပျိုးသင့်သောသီးနှံတစ်မျိုးဖြစ်ပါသည်။ အများဆုံးစိုက်ပျိုးသော ကျေးရွာများမှာ အင်ရောင်း၊ ကိုးပင်၊ ရဲကြီး၊ သာဂရ(ရ)ကျေးရွာများတွင် စိုက်ပျိုးကြပါသည်။ စိုက်ပျိုးသောမျိုးများမှာ ပင်ပုမျိုး၊ ပင်လတ်မျိုး၊ ပင်မြင့်မျိုးကို အများဆုံးစိုက်ပျိုးကြပြီး ပင်မြင့်မျိုး (Finger One)မျိုး ရုံးပတီမျိုးကို အများဆုံးစိုက်ပျိုးကြပါသည်။ တစ်ဧကမျိုးစေ့(၁၂)ထုပ် စိုက်ပျိုးရပြီး မျိုးစေ့တစ်ထုပ်လျှင် (၂၈၀၀၀/-)ကျပ်ပေးရကြောင်း၊ တစ်ဧကကုန်ကျစရိတ်အနေဖြင့် မျိုး၊ သွင်းအားစု၊ လုပ်သားခအပါအဝင် စုစုပေါင်း(၆၈၆၀၀၀/-)ကျပ်ဝန်းကျင်ခန့်ကုန်ကျကြောင်း၊ စတင်စိုက်ပျိုးပြီး (၄၅)ရက် အကြာတွင်ခူးဆွတ်ရပါသည်။ ခူးဆွတ်မှုအနေဖြင့် တစ်ရက်ခြားတစ်ကြိမ်ခူးဆွတ်ပေးရပါသည်။ သက်တမ်းအနေဖြင့်(၂)လအထိ ခူးဆွတ်ရကြောင်း၊ စျေးနှုန်းစျေးကွက်အနေဖြင့် ဖောက်သည်စျေး တစ်ပိဿာလျှင် (၁၅၀၀/-)ကျပ်စျေးနှုန်းရရှိပြီး လက်လီ စျေးနှုန်းအနေဖြင့် တစ်ပိဿာလျှင် (၂၀၀၀/-)ကျပ်စျေးနှုန်းများဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း တစ်ဧကအထွက်နှုန်းအနေဖြင့် ပိဿာ(၁၅၀၀)ခန့်ထွက်ရှိကြောင်း အကျိုးအမြတ်အနေဖြင့် ( ၁၅၀၀၀၀၀/- )သိန်းခန့် မြတ်ပြီး ပွဲစားများမှ စိုက်ခင်းအထိလာရောက်ဝယ်ယူကြကြောင်း ရုံးပတီသီးသီးနှံစိုက်ပျိုးခြင့်ဖြင့် မိသားစုအပိုဝင်ငွေရရှိသည့်အပြင် စားသုံးသူအတွက် ဆေးဖက်ဝင်သည့် သီးနှံဖြစ်သည့်အတွက် ဟင်းစားရုံးပတီသီးသီးနှံအား စိုက်ပျိုးသင့်ကြောင်း တောင်သူတစ်ဦး၏ပြောကြားချက်အရသိရှိရပါသည်။
DOCA(မန္တလေး)