မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ရေစကြိုမြို့နယ်အတွင်း မိုးသီးနှံများဖြစ်သည့် ပဲစဉ်းငုံ၊ မြေပဲ၊ နှမ်း၊ ပဲတီစိမ်း၊ မတ်ပဲနှင့် အစေ့ ထုတ်ပြောင်း CP သီးနှံများကို အများအပြားစိုက်ပျိုးလျှက်ရှိပါသည်။ ရေစကြိုမြို့နယ်တွင် မိဖုရား၊ မဲကုန်း၊ ကိုင်း၊ နန်းဦး၊ ရေရှား၊ ကံဦးနှင့် ငတရော်ကျေးရွာများတွင် ယခင်နှစ်က ဧက (၅၀၀)ခန့် စိုက်ပျိုးခဲ့ပြီး ယခုနှစ်တွင် ဧက(၃၀၀)ခန့်သာ စိုက်ပျိုးကြကြောင်း သိရ သည်။ အများဆုံးစိုက်ပျိုးသည့် CP မျိုးများမှာ 722 ၊ 808 နှင့် 339 မျိုးများဖြစ်ကြောင်း၊ ဩဂုတ်လနှင့် စက်တင်ဘာလများမှာ စတင်စိုက်ပျိုးကြပြီး (၁)ဧကစိုက်ပျိုးကုန်ကျစရိတ်အနေဖြင့် မျိုး၊ သွင်းအားစု၊ ထွန်ယက်ခ၊ ရိတ်သိမ်းချွေလှေ့ခအပါအဝင် စုစုပေါင်းကုန်ကျစရိတ်အနေဖြင့် ကျပ် (၁၅) သိန်းခန့် ကုန်ကျ ကြောင်း သိရသည်။
အစေ့ထုတ်ပြောင်း CP (၁)ဧကထွက်ရှိမှုအနေဖြင့် သွင်းအားစုသုံးစွဲမှုအပေါ်မှုတည်၍ အထွက် တင်းများ ကွာခြားလျှက်ရှိပြီး (၁)ဧကလျှင် အထွက်တင်း (၇၅) မှ (၁၀၀) တင်းခန့် ထွက်ရှိကြောင်း၊ လက်ရှိဈေးနှုန်းအနေဖြင့် ရေစကြိုမြို့နယ်တွင် အစေ့ထုတ်ပြောင်း CP (၁)တင်းလျှင် ကျပ်(၂၇၀၀၀) ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပြီး အစေ့ထုတ်ပြောင်း CP စိုက် တောင်သူများအနေဖြင့် (၁)ဧက အကျိုးအမြတ် ကျပ်(၁၀)သိန်းခန့်ရရှိကြောင်း အစေ့ထုတ်ပြောင်းစိုက်တောင်သူတစ်ဦးထံမှ သိရှိရ ပါသည်။
DOCA(မကွေး)