Main menu

ပခုက္ကူမြို့၌ အရောင်းအဝယ်ဖြစ်နေသာ မြေပဲဈေးနှုန်းဈေးကွက်

Powered by Drupal

                 မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့ ပဲမျိုးစုံနှင့် ဆီထွက်သီးနှံမျိုးစုံရောင်းဝယ်ရေး ဈေးကွက်တွင် ဆီထွက်သီးနှံ မြေပဲများ နေ့စဉ်အရောင်းအဝယ်ဖြစ်လျက်ရှိရာ စိုက်ပျိုးမှုများသောပခုက္ကူ၊ မြိုင်၊ ပေါက်၊ ရေစကြို၊ ဆိပ်ဖြူ၊ ယောနယ်ဒေသများနှင့် စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ကျေးရွာ များမှထွက်ရှိသော မိုးမြေပဲ အတောင့်အဆံများ ပခုက္ကူဈေးကွက်သို့ နေ့စဉ်ဝင်ရောက် အရောင်းအဝယ် ဖြစ်လျက်ရှိသည်။ မိုးမြေပဲတူးဖော်ရိတ်သိမ်းပြီး ဆောင်းမြေပဲစိုက်ပျိုးချိန် ကြားကာလတွင် မြေပဲသစ်များ ဝင်ရောက်မှုနည်းသော်လည်း ဈေးကွက်သို့ ဝင်ရောက်လာသည့် မြေပဲဆံနှင့် မြေပဲအတောင့်များ ဝယ်လိုအားကောင်းပြီး အရောင်အဝယ်သွက်နေကြောင်း၊ ယခုဒီဇင်ဘာလ(စတုတ္ထပတ်) မြေပဲအမြင့်ဈေး ဖြင့် ဈေးငြိမ်၍ အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ ဈေးကွက်သို့ ဝင်ရောက်လာသော မြေပဲ အတောင့်နှင့် အဆံများကို  မြို့ပေါ်ရှိ လှောင်လက်သမားများ၊ ဆီစက်လုပ်ငန်းရှင်များ အဝယ် လိုက်ခြင်း အပြင် ပြည်ပတရုတ်နိုင်ငံမှလည်း ဝယ်လိုအား များလျက်ရှိ၍ ဈေးနှုန်းမြင့်တက်ကြောင်း၊ မြေပဲဆံ အရည်အသွေးနှင့် ဝယ်လိုအားပေါ်မူတည်၍ ဈေး အနိမ့်၊ အမြင့်ရှိကြောင်း သိရှိရသည်။ ပြည်တွင်း စားသုံးဆီဈေးကွက်တွင် ကျန်းမာရေး နှင့်ညီညွှတ်သည့် မြေပဲဆီသန့် သုံးစွဲမှုမြင့်မားလျက်ရှိ၍ ဒေသ တွင်းဆုံ/ဆီစက်များ တွင်ကျယ်စွာ ထုတ်လုပ်လျက်ရှိ၍ မြေပဲဆံဝယ်လိုအား ကောင်းပြီး ဈေးကွက် ကျဆင်းခြင်းမရှိ အရောင်းအဝယ်သွက်လျက်ရှိပြီး ပဲဖတ်ဈေးမှာလည်း ပြည်တွင်းတိရိစ္ဆာန်အစားအစာအဖြစ် မြန်မာနိုင်ငံအောက်ပိုင်း ငါးမွေးမြူရေးလုပ်ငန်းများမှ ဝယ်ယူမှု များ၍ အရောင်းအဝယ်သွက်ကြောင်း သိရသည်။

             ပခုက္ကူပွဲရုံဈေးကွက်တွင် ဖြစ်ပေါ်နေသော မြေပဲဈေးနှုန်းများမှာ ၂၀၂၄ခုနှစ်၊ ဒီဇင်ဘာလ (စတုတ္ထပတ်)တွင် သီးနှံအရည်အသွေးလိုက်၍ မြေပဲအတောင့်(အခြောက်) တစ်ပိဿာလျှင် ကျပ်(၆၂၀၀ - ၄၈၀၀)၊ မြေပဲလုံးဆံနီ တစ်ပိဿာလျှင် ကျပ်(၉၀၀၀-၈၄၀၀)၊ မြေပဲလုံးဆံဖြူ တစ်ပိဿာလျှင် ကျပ်(၈၈၀၀-၈၄၀၀)၊ ဆီဆံ တစ်ပိဿာလျှင် ကျပ်(၇၅၀၀-၇၁၀၀)၊ မြေပဲဖတ်တစ်ပိဿာလျှင် (၆၀၀၀-၅၉၅၀-၅၆၅၀) ဈေးဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ပြီး ယခင် နိုဝင်ဘာလ(စတုတ္ထပတ်)နှင့် ဈေးနှုန်းနှိုင်းယှဉ် ပါကတစ်လအတွင်း ဈေးအတက်အကျမရှိ ဈေးငြိမ်ပြီး အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ပခုက္ကူ မြေပဲဆံ ဈေးကွက်သို့ (၆)လပင်ပြန့်မိုးမြေပဲ(အသစ်)များ ပခုက္ကူမြို့နယ်အတွင်းရှိ ကျေးရွာများမှ ဝင်ရောက်လျက်ရှိကြောင်း၊ မြို့ပေါ်ရှိ ဆီစက်လုပ်ငန်းရှင်များမှ ဝယ်ယူမှုများခြင်းအပြင် မန္တလေး ဈေးကွက်သို့ တင်ပို့လျက်ရှိပြီး ထိုမှတစ်ဆင့် ပြည်ပနိုင်ငံများသို့ တင်ပို့လျက်ရှိ၍ မြေပဲဈေးနှုန်း သိသိသာသာကျဆင်း ခြင်းမရှိ အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ဈေးကွက်မှ သိရှိရပါသည်။

DOCA(မကွေး)