Main menu

“ကုလားစိုက်ပျိုးမှုနှင့်စျေးနှုန်းစျေးကွက်အခြေအနေ”

Powered by Drupal

          မန္တလေးတိုင်းဒေသကြီး၊‌ကျောက်ဆည်မြို့နယ်သည် စိုက်ပျိုးရေးကိုအခြေခံ၍ စပါး ၊ပဲမျိုးစုံ၊ ပြောင်း၊ နှမ်း၊ ငရုတ်၊ စသည့်သီးနှံမျိုးစုံ စိုက်ပျိုးသည့်ဒေသဖြစ်ပါ သည်။ ၎င်းသီးနှံများအနက် ကုလားပဲ(ဆောင်း)ကို ၂၀၂၄-၂၀၂၅ဘဏ္ဍာနှစ်တွင် ကျောက်ဆည်မြို့နယ်တွင် (၃၀၀၉၈) ဧက ၊  စဉ့်ကိုင်မြို့နယ်တွင် (၉၅၁၇) ဧက ၊  မြစ်သားမြို့နယ်တွင်(၂၁၃၆၀)ဧက ၊ စုစုပေါင်း(၆၀၉၇၅   )ဧက စိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း ခရိုင်ကြေးတိုင်နှင့်မြေစာရင်းဦးစီးဌာန၏ စာရင်းများအရ သိရှိရပါ သည်။ ကုလားပဲ(ဆောင်း)ကို  အောက်တိုဘာလ နှင့် နိုဝင်ဘာလများတွင်အများဆုံးစိုက်ပျိုးကြပါ သည်။ဆောင်းကုလားပဲကိုယာမြေများတွင်အောက်တိုဘာလ နောက်ဆုံးပတ် တွင်  မိုးရေအစိုဓါတ် တွင် စိုက်ပျိုးကြသလို အချို့တောင်သူများမှာ စပါးရိတ်သိမ်းပြီးသီး ထပ်အဖြစ်လည်း စိုက်ပျိုးကြ ကြောင်းသိရှိရပါသည်။ကုလားပဲကိုမျိုးအနေဖြင့် (V2)မျိုး နှင့်ရိုးရိုးကုလားပဲလုံး‌သေးမျိုးဟူ၍(၂)မျိုး ရှိပြီး(V2)မျိုးကိုသာအများဆုံးစိုက်ပျိုးကြကြောင်း၊စိုက်ပျိုးမှုအနေဖြင့်(၁)ဧကလျှင် မျိုးစေ့(၁)တင်း (၁)တင်းခွဲနှုန်းခန့်ပတ်ကြဲရကြောင်း၊ တောင်သူများသည် ကုလားပဲမျိုးကို မိမိအိမ်တွင် သေချာစွာ သိမ်းဆည်းထားပြီးမျိုးအဖြစ် အသုံးပြုသလို အချို့တောင်သူများသည် ပွဲရုံများမှ ဝယ်ယူ၍စိုက်ပျိုး ကြကြောင်း၊ တစ်ဧကကုန်ကျစရိတ်အနေဖြင့် မျိုး၊ သွင်းအားစု၊ လုပ်သားခ အပါအဝင် စုစုပေါင်း (၃၀၀၀၀၀/-)ကျပ် ဝန်းကျင်ခန့်ကုန်ကျကြောင်း ၊ ယခင်နှစ် ကုလားပဲ အထွက်နှုန်းအနေဖြင့် တစ်ဧကလျှင် (၉-၁၀)တင်းခန့် ထွက်ရှိကြောင်း တစ်ဧက အကျိုးအမြတ် အနေဖြင့်(၅၀၀၀၀၀/-) ကျပ်မြတ်ခဲ့ကြောင်း၊ ယခုအချိန်တွင် ကုလားပဲပင်များ အသီးအပွင့်ဝေဝေဆာဆာြဖင့် အောင်မြင် ဖြစ်လျှက်ရှိကြောင်း ၊ ယခင်နှစ် ကုလားပဲဈေးနှုန်း အနေဖြင့် ကုလားပဲ(ရိုးရိုး) တစ်တင်းလျှင် (၇၈၀၀၀/-)ကျပ်၊ ကုလားပဲ (V2) တစ်တင်းလျှင် (၈၆၀၀၀/-) ကျပ်‌‌ဈေးနှုန်းများရှိခဲ့ပြီး  ယခုနှစ် ကုလားပဲများ ထွက်ပေါ်ခြင်းမရှိသေးသော်လည်း ကုလားပဲဈေးနှုန်းအနေဖြင့် ကုလားပဲ(ရိုးရိုး) တစ်တင်းလျှင် (၈၅၀၀၀/-)ကျပ်၊ကုလားပဲ (V2) တစ်တင်း လျှင် (၉၈၀၀၀/-) ကျပ်‌‌ဈေးနှုန်းများဖြင့် ရောင်းဝယ်လျှက်ရှိကြောင်း၊ ယခုနှစ်ကုလားပဲပေါ်ချိန်တွင်အထွက်နှုန်းနှင့်ဈေးနှုန်းကောင်းမွန်ပါက အကျိုးအမြတ်များပိုမိုရရှိနိုင်မည်ဖြစ်ကြောင်း ကုလားပဲစိုက် တောင်သူတစ်ဦး၏ ပြောကြားချက် အရသိရှိရသည်။

DOCA(မန္တလေး)