Main menu

“ဆောင်းမတ်ပဲများစတင်စိုက်ပျိုး”

Powered by Drupal

          ကျောက်ဆည်ခရိုင်အတွင်းရှိ မြစ်သားမြို့နယ်တွင် ဆောင်းမတ်ပဲများစတင်စိုက်ပျိုးလျှက် ရှိပါသည်။မြို့နယ်အတွင်းဆောင်းမတ်ပဲစိုက်ဧက(၂၀၀)ဧကစိုက်ပျိုးထားရှိကြောင်း ခရိုင်ကြေးတိုင် နှင့်မြေစာရင်းဦးစီးဌာန၏စာရင်းများအရသိရှိရပါသည် ။ အများဆုံးစိုက်ပျိုးသောရွာများမှာ ပခမ်း၊ ခင်လည်၊မိုးကောင်း နှင့် တောင်ခြေကုန်းရွာများတွင်စိုက်ပျိုးကြပါသည် ။ မြန်မာပြည်အောက်ပိုင်း ဒေသအားလုံးတွင် မတ်ပဲကို မိုးနှောင်းနှင့်ဆောင်းဦးတွင်သာ စိုက်ပျိုးကြကြောင်း ၊ အထက်ပိုင်း ဒေသတွင်လည်း မတ်ပဲသီးနှံသည်ကောင်းမွန်ဖြစ်ထွန်းအောင်မြင်လျက်ရှိပါသည်။မတ်ပဲသီးနှံသည် စိုက်ပျိုးပြီး ၃ လအကြာတွင် ရိတ်သိမ်းနိုင်ပါသည်။ နိုဝင်ဘာလဆန်းတွင် စတင်စိုက်ပျိုးခဲ့ပြီး ဇန်နဝါရီလကုန်နှင့်ဖေဖော်ဝါရီလဆန်းတွင် စတင်ထွက်ရှိမည်ဖြစ်ကြောင်း၊ မတ်ပဲစိုက်ပျိုးမှုအနေ ဖြင့်(၁)ဧကလျှင် မတ်ပဲမျိုး (၆)ပြည် ကုန်ကျကြောင်း ၊ (၁)ဧကကုန်ကျစရိတ်အနေဖြင့် မျိုး ၊ သွင်းအားစု၊လုပ်သားခအပါအဝင် စုစုပေါင်း(၅၅၀၀၀၀)ကျပ်ခန့်ကုန်ကျကြောင်း၊အထွက်နှုန်းအနေ ဖြင့်(၁၅-၁၆)တင်းခန့်ထွက်ရှိကြောင်း၊ယခင်နှစ် မတ်ပဲ(၁)တင်း စျေးနှုန်းအနေဖြင့်(၈၅၀၀၀)ကျပ် ဖြင့်အရောင်းအဝယ်ဖြစ်ခဲ့ပြီး အကျိုးအမြတ်အနေဖြင့် စိုက်ပျိုးစရိတ်နှုတ်ပြီးပါက(၁၂၂၀၀၀၀) ကျပ်ခန့်မြတ်ကြောင်း၊ယခုလက်ရှိ မတ်ပဲပေါက်စျေးအနေဖြင့် (၁)တင်းလျှင်(၈၀၀၀၀)ကျပ်ဖြင့် ရောင်းဝယ်လျှက်ရှိပြီး တောင်သူများမှ မတ်ပဲပေါ်ချိန်တွင်လည်း မတ်ပဲကို မြို့ပေါ်ပွဲရုံများသို့ တိုက်ရိုက်တင်ပို့ရောင်းချကြကြောင်း၊ ပွဲရုံများမှတစ်ဆင့် မန္တ‌လေးမြို့နှ င့် ရန်ကုန်မြို့များသို့တင်ပို့ ရောင်းချလျက်ရှိပါသည်။မတ်ပဲတွင် ဗီတာမင်ဓာတ်၊ ပရိုတင်းဓာတ်၊ သတ္တုဓာတ်အမြောက်အများ ပါဝင်သောကြောင့် ကျန်းမာရေးနှင့်ညီညွတ်ကာ စားသုံးသူများကြိုက်နှစ်သက်ကြပါသည် ။ မတ်ပဲ သီးနှံသည် စိုက်ပျိုးစရိတ်သက်သာပြီး အကျိုးအမြတ်ဖြစ်ထွန်းသော စျေးကွက်ဝယ်လိုအားရှိသော မတ်ပဲသီးနှံကိုလည်း တောင်သူများတိုးချဲ့စိုက်ပျိုးသင့်ပါကြောင်း ရေးသားတင်ပြအပ်ပါသည်။

DOCA(မန္တလေး)