Main menu

ပခုက္ကူမြို့ရှိ အိမ်ဆောက်ပစ္စည်းအရောင်းဆိုင်များသို့ ဘိလပ်မြေပြတ်လပ်မှုရှိ/မရှိကွင်းဆင်းစစ်ဆေး

Powered by Drupal

         မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ ဒုတိယခရိုင်ဦးစီးမှုးနှင့် ဝန်ထမ်းများသည် (၇.၁.၂၀၂၅)ရက်နေ့၊ နံနက်(၁၀:၃၀)အချိန်တွင် ပခုက္ကူမြို့ပေါ်ရှိ အိမ်ဆောက်ပစ္စည်းဆိုင်များဖြစ်သော ငွေသရဖူ၊ ဟိန်းစည်၊ ကျော်၊ မိုးမခ၊ ကံဟိန်းနှင့် သိန်း အိမ်ဆောက် ပစ္စည်းဆိုင်များသို့ သွားရောက်၍ ဘိလပ်မြေပြတ်လပ်မှုရှိ/မရှိ သွားရောက်ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရသည်။

          အဆိုပါအိမ်ဆောက်ပစ္စည်းရောင်းချသောဆိုင်(၆)ဆိုင်တွင် ကြံ့နှစ်ကောင်၊ အပါချီနှင့် အယ်လဖာ ဘိလပ်မြေများကို ယခင်ကရောင်းချခဲ့ကြောင်း၊ ယခုအချိန်တွင် ကြံ့နှစ်ကောင်ဘိလပ်မြေတစ်မျိုးတည်း ကိုသာ ရောင်းချနေကြောင်း၊ အယ်လဖာနှင့်အပါချီဘိလပ်မြေမှာ ပြတ်လပ်နေကြောင်း၊ အပါချီ ဘိလပ်မြေသည် ရှမ်းပြည်နယ် ပင်ညောင်မှထွက်ရှိ၍ သယ်ယူရာတွင် လမ်းပမ်းဆက်သွယ်ရေး ခက်ခဲ ခြင်း၊ အယ်လဖာဘိလပ်မြေမှာ စက်ရုံမှ ဝယ်ယူရခက်ခဲသောကြောင့် ပစ္စည်းပြတ်လပ်နေကြောင်း၊ ယခုတစ်ပတ်တွင် ကြံ့နှစ်ကောင်ဘိလပ်မြေမှာ ဈေးနှုန်းများဆက်လက်မြင့်တက်နေကြောင်း၊ ယခင်က ကြံ့နှစ်ကောင်ဘိလပ်မြေတစ်အိတ်လျှင် ကျပ်(၁၆၀၀၀)ရှိခဲ့ပြီး ယခုတစ်ပတ်တွင် ကြံ့နှစ်ကောင်ဘိလပ် မြေတစ်အိတ်လျှင် ကျပ်(၁၆၅၀၀)မြင့်တက်နေပြီး တစ်အိတ်လျှင် ကျပ်(၅၀၀)ခန့် ဈေးတက်နေကြောင်း၊ ယခုလိုဈေးမြင့်တက်ရခြင်းမှာ သယ်ယူစရိတ်ကြီးမားခြင်း၊ စက်ရုံမှခွဲတမ်းရရှိမှုနည်းပါးခြင်းကြောင့် ဖြစ်ကြောင်း အိမ်ဆောက်ပစ္စည်းအရောင်းဆိုင်များထံမှ သိရှိရပါသည်။

DOCA(မကွေး)