Main menu

ကိုင်းခရမ်းချဉ်သီး ဈေးကွက်

Powered by Drupal

            ဧရာဝတီတိုင်းအတွင်း မြို့နယ်များရှိ တောင်သူများသည် စပါး၊ ပြောင်း၊ ပဲ၊ နှမ်း စသည့် သီးနှံများအပြင် စားဖိုဆောင်သီးနှံဖြစ်သော ကိုင်းခရမ်းချဉ်သီးကို စီးပွားဖြစ်စိုက်ပျိုးကြသည်။ ခရမ်းချဉ်ကို မြေအမျိုးအစားများစွာတွင် စိုက်ပျိုးနိုင်သည်။ အသင့်တော်ဆုံးမှာ နုန်းမြေနှင့် နုန်းစနယ်မြေဖြစ်သည်။ ဧရာဝတီတိုင်းအတွင်းရှိ မြို့နယ်အများစုတွင် ကိုင်းခရမ်းချဉ်သီးကို စိုက်ပျိုးကြသော်လည်း ငါးသိုင်းချောင်း မြို့နယ်ရှိ သရက်ချောင်းကျေးရွာ၊ သောင်တန်းကျေးရွာ၊ တောင်ဝှေးတောက် ကျေးရွာ များတွင် ကိုင်းခရမ်း ချဉ်သီးကိုစီးပွားဖြစ်ပိုမိုစိုက်ပျိုးကြကြောင်း၊ သရက်ချောင်းကျေးရွာ၊ သောင်တန်းကျေးရွာ၊ တောင်ဝှေး တောက်ကျေးရွာများသည် မိုးရာသီအချိန်တွင် ရေဝင်သည့်အတွက် ရေကျသည့်အချိန်တွင် နုန်းများတင်ကျန် ခဲ့သည့်အတွက် ၎င်းကျေးရွာများတွင် ကိုင်းခရမ်းချဉ်သီးကိုစိုက်ပျိုးသည့်အခါ ပိုမိုဖြစ်ထွန်းကြောင်းနှင့် အပူဒဏ်နှင့်ရောဂါဒဏ်ခံနိုင်သော (လိုရာ ၉၀၉)ခရမ်းချဉ်မျိုုးကို လည်း ရွေးချယ်စိုက်ပျိုးသင့်ကြောင်းလည်း သိရပါသည်။

           စိုက်ပျိူးရာတွင်လည်း စိုက်ဘောင်အကျယ် (၃) ပေ သို့မဟုတ်(၃) ပေခွဲ၊ အမြင့် (၈)လက်မမှ (၁)ပေ ထိထားပြီး စိုက်ဘောင်အရှည်ကို ရေထုတ်ရလွယ်ကူအောင် ပေ(၁၀၀)အောက်တွင်ထားပြီး၊ ရေထုတ်မြောင်းကို ခြေသွားလမ်းထက် နက်အောင်တူး၍ တစ်ပင်နှင့်တစ်ပင်(၁)ပေခွဲကနေ (၂)ပေထိ ခွာပြီး ဖိုဖနောက်ဆိုင် စိုက်ပျိုးရမည်ဖြစ်ကြောင်းလည်းသိရပါသည်။ စိုက်ပျိုးစရိတ်အနေနဲ့ ခရမ်းချဉ် တစ်ဧက စိုက်ပျိုးမယ်ဆိုရင် သွင်းအားစုစရိတ်၊ လုပ်အားခ၊ မျိုးဖိုးစတဲ့လုပ်အားစရိတ်အပါအဝင် စုစုပေါင်းငွေကျပ်(၂၀၈၀၀၀၀/-) ဝန်းကျင်ကုန်ကျနိုင်ကြောင်း နှစ်လမှ နှစ်လခွဲအချိန်တွင် ခရမ်းချဉ် သီးများစတင် ခူးဆွတ်နိုင်ကြောင်း၊ စနစ် တကျစိုက်ပျိုးပါက ကုန်းမြေတွင် အထွက်နှုန်း (၅၀၀၀-၈၀၀၀) ပိဿာ / တစ်ဧက ထွက်နိုင်ကြောင်း သိရပါသည်။ ထွက်ရှိသော ကိုင်းခရမ်းချဉ်သီး များကို ဒေသတွင်းရောင်းချရုံသာမက ဧရာဝတီမြစ်ကြောင်း တစ်လျှောက်စက်လှေများဖြင့်ရောင်းချခြင်း၊ ပုသိမ်၊ ရန်ကုန်ကုန်စည်ဒိုင်များသို့ပို့၍ ရောင်းချခြင်းများပြုလုပ် ကြောင်း၊ ခရမ်းချဉ်သီး အစိမ်းရောင် မှအစိမ်းဖျော့ ထိုမှတဆင့် အဖြူရောင်များလာချိန်တွင် ခူးဆွတ်ပါက အဝေးဈေးကွက်သို့ တင်ပို့နိုင်ပြီး လမ်းခရီးတွင်အပျက်အစီး အဆုံးအရှုံး သက်သာမည်ဖြစ်ကြောင်း၊ ခရမ်းချဉ် သီးဈေးနှုန်းအနေနဲ့ တစ်ပိဿာ (၅၀၀၀-၆၀၀၀)ကျပ် ဈေးနှုန်းများဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း သိရှိရပါသည်။

           တစ်ဧက အကျိုးအမြတ်အနေဖြင့် အသီးထွက်ရှိမှုနှင့် ဈေးနှုန်းအပေါ်မူတည်၍ (၁၀၀၀၀၀၀-၁၅၀၀၀၀၀)  ကျပ်ဝန်းကျင်ထိ ရရှိသောကြောင့် ကိုင်းခရမ်းချဉ်သီးမျိုးများကိုတိုးချဲ့စိုက်ပျိုးသင့်ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)